အရသာရှိပြီး နူးအိတဲ့ကြက်သားဟင်းကိုမှ သုံးဆောင်ချင်သူတွေအတွက် ဒီတစ်ခါမှာတော့ မှိုနဲ့ ကြက်သားရောချက်ထားတဲ့ ကြက်သားပေါင်းဟင်းလျာပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၆၀၀ ဂရမ်
  • ကြွက်နားရွက်မှို လက်တစ်ဆုပ်စာခန့်
  • တရုတ်မှို ၃ ပွင့် (ပါးပါးလှီးထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်းတစ်ဝက်
  • ကြက်သွန်မြိတ် ၂ ပင် (ဖြူသော အစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းကို သပ်သပ်စီ ခွဲကာ ပါးပါးလှီးထားပါ)
  • ဂျင်းပြား ၁၀ ပြား
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အနေတော်အတုံး တုံးထားပြီးနောက် သန့်စင်သောရေထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ထိုကဲ့သို့ စိမ်ရာတွင် ရေ နှစ်ခေါက်တိတိ လဲပေးဖို့ လိုအပ်ပါလိမ့်မယ်။

၂။ မိနစ် ၃၀ ပြည့်ပါက ကြက်သားတုံးများကို ပန်းကန်လုံးအကြီးထဲသို့ ပြောင်းပြီးနောက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ ကြက်သွန်မြိတ်၏ ဖြူသောအစိတ်အပိုင်း၊ ဂျင်း၊ ဆားနှင့် နှမ်းဆီတို့ဖြင့် သမအောင် နယ်ဖတ်ထားကာ မိနစ် ၃၀ ခန့်နှပ်ထားလိုက်ပါ။

၃။ ကြွက်နားရွက်မှိုကို သန့်စင်သော ရေထဲတွင် ကြိုတင်၍စိမ်ထားလိုက်ပါ။ တရုတ်မှိုကိုတော့ ပါးပါးလှီးထားပါ။

၄။ ပြီးသွားရင်တော့ ကြက်သား၊ ကြွက်နားရွက်မှိုနှင့် မှိုတို့ကို ရောနယ်ပြီးနောက် ပေါင်းအိုးထဲထည့်ကာ မိနစ် ၃၀ ခန့် မီးပြင်းပြင်းဖြင့် ထည့်ပေါင်းထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ပေါင်းအိုးထဲကထုတ်ပြီး ကြက်သွန်မြိတ် အစိမ်းလေးဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com