အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ မှို ကြက်သားပေါင်း ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သွန်ြျွိတ် ၂ ပင်
  • ဂျင်း ၅ ပြား
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • အချဉ်ဖောက်ထားသော ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မှို အနည်းငယ်
  • • ကြက်ရင်အုံသား ၄ တုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အနေတော် အတုံး တုံးထားပြီးနောက် ပဲငံပြာရည်အကြည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ဂျင်းတို့ဖြင့် သမအောင် နယ်ထားကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၂။ မိနစ် ၃၀ ပြည့်ပါက ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို ဖယ်ရှားလိုက်ပြီးနောက် ပြောင်းမှုန့်ထည့်ကာ သမအောင် မွှေပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးတွင် မှို ထည့်ထားပါ။ မှိုပေါ်တွင် ကြက်သားထည့်ပါ။ တစ်ဖန် ကြက်သွန်ဖြူနှင့် ပဲပိစပ်အနှစ်တို့ ထည့်ပါ။ ပြီးရင်တော့ ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ဆမ်းထည့်လိုက်ပါ။

၄။ ထို့နောက် အသင့်ပြင်ထားသော ပေါင်းအိုးထဲတွင် မီးပြင်းပြင်းဖြင့် ၁၅ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၅။ (၁၅) မိနစ်ပြည့်တဲ့အခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ မှို ကြက်သားပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com