အားလုံးပဲ မင်္ဂလာပါ။ အခုဖော်ပြပေးမယ့် ဝက်သားလုံးပေါင်း ပြုလုပ်နည်းကတော့ တရုတ်စတိုင်လ် ချက်ပြုတ်နည်းကို အသုံးပြုထားပြီး လူ လေးယောက်စာ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် ပမာဏနဲ့ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၄၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အသားကြိတ်စက်ထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သား၊ ကြက်သွန်မြိတ်၊ နံနံ့င်၊ ပဲငံပြာရည်နှင့် ဂျင်းတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ အသားလုံးတဲ့အခါ သင့်လက်မှာ အသားများ ကပ်မနေဖို့ရန်အတွက် အရင်ဦးဆုံး လက်ကို ရေဆွတ်လိုက်ပါ။

ထို့နောက် စောစောကနယ်ထားသော ဝက်သားအရောအနှောကို စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းစာခန့် ခပ်ယူကာ သစ်ကြားသီးအရွယ်အစားခန့် လုံးပေးလိုက်ပါ။

၃။ ဝက်သားများအားလုံး လုံးပြီးသွားတဲ့အခါမှာတော့ ပေါင်းအိုးကို အသင့်ပြင်ထားလိုက်ပါ။ ထို့နောက် ထိုဝက်သားလုံးများကို ပေါင်းအိုးထဲထည့်ကာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားလုံးပေါင်း အစားအစာလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Delicious.com.au