အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ ငါးပေါင်းဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း (သို့) မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး
  • ဆားအနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်တစ်ဆုပ်စာခန့်
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

(ပင်လယ်ငါးအသုံးပြုပါက ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း လိုအပ်ပါတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ဆား၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ (၁၀) မိနစ်ပြည့်ပါက ဂျင်း၊ ငရုတ်သီးတောင့်တို့ထည့်လိုက်ပါ။

၃။ ပေါင်းအိုးထဲကရေများ ဆူပွက်လာပါက ထိုငါးကို ၅ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၄။ (၅) မိနစ်ပြည့်ပါက ပေါင်းအိုးထဲမှ ထုတ်လိုက်ပြီး ပဲငံပြာရည် ဆမ်းပေးလိုက်ပါ။ ကြက်သွန်မြိတ်ကို အပေါ်မှ ဖြူးထည့်ပေးလိုက်ပါ။ (သင် အသုံးပြုတဲ့ငါးက ရေချိုငါးဆိုရင်တော့ ပဲငံပြာရည် ဆမ်းစရာမလိုပါဘူး။)

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီက မီးခိုးများထွက်ပြီး ပူလာတဲ့အခါမှာတော့ စောစောက ငါးပေါင်းပေါ်သို့ လောင်းထည့်ပေးလိုက်ပါ။

၆။ ထိုအဆင့်များအားလုံးပြီးသွားရင်တော့ အရသာရှိတဲ့ ငါးပေါင်းဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Spicetheplate.com