ကိတ်ကြိုက်တဲ့သူတွေနဲ့ အိမ်မှာမုန့်လုပ်စားချင်တဲ့သူများအတွက် ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းလေးလည်း ဖြစ်သွားအောင် အရသာရှိတဲ့ ကြက်ဥနို့ပေါင်းကိတ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ကြက်ဥ အနှစ်ကြီးပဲ – ၄ လုံးထည့်ပါ။ အကာတွေကိုတော့ ပန်းကန်တစ်လုံးထဲ သပ်သပ်ထည့်ထားပါ။ ပြီးရင် သုံးရမှာပါ။ ကြက်ဥအနှစ်ထည့်ထားတဲ့ ပန်းကန်ထဲကို နို့ဆီ – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာ ထည့်ပါ။ Vanilla essence – လက်ဖက်ရည်ဇွန်း တစ်ဝက် ထည့်ပြီး မွှေပေးပါ။

အကာတွေထည့်ထားတဲ့ ပန်းကန်ကိုယူပြီး အဲ့ထဲကိုမှ နွားနို့ – ခွက်တစ်ဝက်စာထည့်ပါ။ Vanilla essence – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ဂျုံမှုန့် – ခွက်တစ်ခွက်စာ၊ သကြား – ခွက်တစ်ဝက်စာ၊ baking powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး မွှေပါ။ မွှေစက်နဲ့မွှေရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ သေချာမွှေပြီးပြီ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ရပါပြီ။

ကိုယ်လုပ်မယ့်ပုံစံခွက်လေးတွေကိုယူပြီး အတွင်းဘက်ကို ထောပတ် (သို့) ဆီ သုတ်ပေးပါ။ ပြီးရင်တော့ ပထမအဆင့်မှာလုပ်ထားတဲ့ ကြက်ဥအနှစ်တွေမွှေထားတာကို သုံးပုံ ပုံ တစ်ပုံစာလောက် ထည့်ပေးပါ။ ပြီးတာနဲ့ အိုးထဲကို ရေနွေးထည့်ပြီး ပုံစံခွက်လေးတွေကိုထည့်ကာ ပေါင်းပေးရမှာပါ။

ပေါင်းထားတာရလောက်ပြီဆိုရင် ဒုတိယအဆင့်မှာလုပ်ထားတဲ့ မွှေထားတာတွေကို အပေါ်ကနေ ထည့်ပါမယ်။ ပြီးရင်တော့ အဖုံးပိတ်ပြီး ပြန်ပေါင်းထားပါ။

ကိတ်သားဖြစ်လာပြီ၊ ပေါင်းထားတာရပြီဆိုရင်တော့ အအေးခံထားလိုက်ပါ။ အေးပြီဆိုမှ ပုံစံခွက်ထဲကထုတ်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥနို့ပေါင်းကိတ်ကို ရရှိသွားပါပြီ။

Source: www. spicebangla