အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ကြက်ခြေထောက်ပေါင်း ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြော်ရန်ဆီနှင့် ကြက်ခြေထောက်များ စိမ်ထားရန် ရေခဲရေ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

  • ကြက်ခြေထောက် အချောင်း ၂၀ ခန့် (ခြေသည်းများနှင့် အခြားမသန့်ရှင်းသော အစိတ်အပိုင်းများကို လှီးထုတ်လိုက်ပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • နာနတ်ပွင့် ၂ ပွင့်
  • ရေနွေးနွေးလေး ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ခြေထောက်များကို စင်ကြယ်အောင် ရေဆေးပြီးတဲ့နောက်မှာ ကြက်ခြေထောက်တစ်ခုချင်းစီကို တစ်ပိုင်း လှီးဖြတ်ထားပါ။

၁။ အိုးတစ်လုံးထဲ ရေလုံလုံလောက်လောက်ထည့်ပြီးတဲ့နောက်မှာ ရေနွေးဆူလာအောင် တည်ထားလိုကပါ။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ရေနွေးထဲထည့်လိုက်ပါ။ ရေနွေး ပွက်ပွက်ဆူလာပါက ကြက်ခြေထောက်များထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်ပါက ပန်းကန်လုံးထဲ ဆယ်ယူထားလိုက်ပါ။

၂။ ထိုကြက်ခြေထောက်များကို ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ရောနှောပြီးနောက် သမအောင် နယ်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ခြေထောက်များထည့်ပြီး ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပေးလိုကပါ။

၄။ ရရှိလာတဲ့ ကြက်ခြေထောက်ကြော်များကို ရေခဲတုံးအပြည့်ထည့်ထားသော ရေခဲရေထဲတွင် ၃ နာရီ၊ ၄ နာရီခန့် စိမ်ထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဂျင်း၊ ပဲငံပြာရည်၊ ခရုဆီနှင့် နာနတ်ပွင့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက ကြက်ခြေထောက်များကို ပေါင်းအိုးထဲထည့်ကာ ၁၅ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။ ၁၅ မိနစ်ပြည့်ပါက စောစောက မွှေထားသော ခရုဆီအရောအနှောများကို ကြက်ခြေထောက်ပေါ်သို့ လောင်းထည့်ကာ မိနစ် ၃၀ ခန့် ထပ်ပေါင်းပေးရပါမယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ခြေထောက်ပေါင်းလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com