ပါဝင်ပစ္စည်းများ
- ဘဲသား ၂၀ကျပ်သား (သို့) ဘဲအကောင် ၁ခြမ်း
- ကြက်သွန်ဖြူ ၅မြွှာ
- နနွင်းမှုန့် အနည်းငယ်
- ကြက်သွန်နှီအနေတော် ၂လုံး
- ဂျင်း အနည်းငယ်
Source: Serious Eats
- ရှာလကာရည် ဇွန်းသေး ၁ဇွန်း
- ငရုတ်ကောင်းမှုန့်ဇွန်းသေး ၁ဇွန်း
- တရုတ်မဆလာ ဇွန်းသေး ၁ဇွန်း
- ပဲငံပြာရည်အကြည် ဇွန်းသေး ၁ဇွန်း
- ပဲငံပြာရည်အပျစ် ဇွန်းသေး ၁ဇွန်း
- နာနတ်ပွင့် ၃ပွင့်
- ဆား အနည်းငယ်
- ကြက်သွန်နီအသေး ၅လုံး
- ကြက်သွန်ဖြူ ၅မွှာ
- နံနံပင် ၅ပင်၊ ဆီ အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ဘဲသားတွေကို ရေဆေးပြီး အနေတော် အတုံးခုတ်ပါ။ ပြီးလျှင် နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ရှာလကာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်နှင့် ဆား အနည်းငယ်တို့ဖြင့် နယ်ပါ။ ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့ကို ညက်အောင်ထောင်းပါ။
- ချက်မည့်အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်ထောင်းကို ဆီသတ်ပါ။ အနံ့မွှေးလာလျှင် နာနတ်ပွင့် ထည့်မွှေပါ။ ဘဲသားတွေကို ထည့်မွှေပါ။ ရေကို အသားမြုပ်အောင် ထည့်ပြီး တည်ပါ။ ပေါင်းမည့်အိုး (သို့) Slow Cooker ထဲ ပြောင်းထည့်ပြီး ၁နာရီခန့်ပေါင်းပါ။
- နာရီဝက်ခန့်ကြာလျှင် တရုတ်မဆလာ၊ ကြက်သွန်နီအသေးတွေနှင့် ကြက်သွန်ဖြူကို ထပ်ထည့်ပါ။ ကျက်သွားလျှင် အရသာ အပေါ့အငန်ပြင်ပါ။ မီးပိတ်ပြီး ၁၀မိနစ်ခန့် နှပ်ပါ။ ပြင်မယ့်ပန်းကန်ထဲကို ခပ်ထည့်ပြီး နံနံပင်တင်ပြီး အလှဆင်လိုက်လျှင် ရပါပြီ။ ဟင်းရည်နှင့် စားချင်လျှင် ရေအနည်းငယ် ပိုထည့်ပါ။ ထမင်းဖြူ ပူပူလေးနှင့် စားလျှင် အလွန်လိုက်ဖက်တဲ့ ဘဲသားပေါင်းနူးနူးလေး ရပါပြီ။
Credit: KaeKae’s FoodPalace