(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်ပြည့်ဝတဲ့ ကြက်ဥကို ဒီတစ်ခါမှာတော့ ကြက်ဥပေါင်းလုပ်စားလို့ရအောင် ပြုလုပ်နည်းတွေကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ကြက်ဥ ၃ လုံးအရည်ဖြင့် ညီမျှသော ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်
  • ကြက်ဥ ၃ လုံးအရည်ဖြင့် ညီမျှသော ရေ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၃ လုံးကို ဇလုံထဲ ဖောက်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ခပ်ပြင်းပြင်းလေး မွှေခလောက်ထားလိုက်ပါ။

၂။ ထိုကြက်ဥဇလုံထဲသို့ ရေ၊ ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်တို့ထည့်လိုက်ပါ။ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထပ်ထည့်ပြီး သမအောင် ထပ်မွှေခလောက်လိုက်ပါ။ ထို့နောက် ဇောက်နက်သော ပန်းကန်ပြားထဲထည့်ထားလိုက်ပါ။

၃။ ထို့နောက် ထိုပန်းကန်ပြားကို ပေါင်းအိုးထဲထည့်ထားလိုက်ပါ။ ၃ မိနစ်ခန့် ထည့်ပေါင်းထားပြီးနောက် ၃ မိနစ်ပြည့်ပါက ပေါင်းအိုးမီးကို ပိတ်ထားပြီး အဖုံးပိတ်လျက်သားဖြင့် ပေါင်းအိုးထဲမှာ ၁၄ မိနစ်ခန့် ထားထားလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥပေါင်းပေါ်သို့ ပါးပါးလှီးထားေးးသာ နံနံပင်များ ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥပေါင်းကို မြည်းစမ်းကြည့်လို့ရပါပြီ။

Source: Asianfoodchannel.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ပရိုတင္းဓာတ္ျပည့္ဝတဲ့ ၾကက္ဥကို ဒီတစ္ခါမွာေတာ့ ၾကက္ဥေပါင္းလုပ္စားလို႔ရေအာင္ ျပဳလုပ္နည္းေတြကို ေဝမွ်ေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ဥ ၃ လံုး
  • ၾကက္ဥ ၃ လံုးအရည္ျဖင့္ ညီမွ်ေသာ ၾကက္ျပဳတ္ရည္ (သို႔) ဟင္းရြက္ျပဳတ္ရည္
  • ၾကက္ဥ ၃ လံုးအရည္ျဖင့္ ညီမွ်ေသာ ေရ
  • ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ လက္ဖက္ရည္ဇြန္း တစ္ဝက္
  • ႏွမ္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းႏွင့္ ဆားအနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကက္ဥ ၃ လံုးကို ဇလံုထဲ ေဖာက္ထည့္ၿပီး ဆားအနည္းငယ္ထည့္ကာ ခပ္ျပင္းျပင္းေလး ေမႊခေလာက္ထားလိုက္ပါ။

၂။ ထိုၾကက္ဥဇလံုထဲသို႔ ေရ၊ ၾကက္ျပဳတ္ရည္ (သို႔) ဟင္းရြက္ျပဳတ္ရည္တို႔ထည့္လိုက္ပါ။ ႏွမ္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းထပ္ထည့္ၿပီး သမေအာင္ ထပ္ေမႊခေလာက္လိုက္ပါ။ ထို႔ေနာက္ ေဇာက္နက္ေသာ ပန္းကန္ျပားထဲထည့္ထားလိုက္ပါ။

၃။ ထို႔ေနာက္ ထိုပန္းကန္ျပားကို ေပါင္းအိုးထဲထည့္ထားလိုက္ပါ။ ၃ မိနစ္ခန္႔ ထည့္ေပါင္းထားၿပီးေနာက္ ၃ မိနစ္ျပည့္ပါက ေပါင္းအိုးမီးကို ပိတ္ထားၿပီး အဖံုးပိတ္လ်က္သားျဖင့္ ေပါင္းအိုးထဲမွာ ၁၄ မိနစ္ခန္႔ ထားထားလိုက္ပါ။

ရရွိလာတဲ့ ၾကက္ဥေပါင္းေပၚသို႔ ပါးပါးလွီးထားေးးသာ နံနံပင္မ်ား ျဖဴးထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ၾကက္ဥေပါင္းကို ျမည္းစမ္းၾကည့္လို႔ရပါၿပီ။

Source: Asianfoodchannel.com