အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်ဥပေါင်းဟင်းလျာပဲဖြစ်ပါတယ်။ ကြက်ဥအရသာတစ်မျိုးတည်းပဲဆိုရင် ရိုးရှင်းလွန်းလှတာကြောင့် ပုစွန်ဆိတ်၊ မုန်လာဥနီ၊ မှို စတဲ့ ပင်လယ်စာရော ဟင်းသီးဟင်းရွက်ရဲ့အရသာပါ ပါဝင်အောင် လုပ်စားနိုင်မယ့် ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • မုန်လာဥနီ ၁ လုံး (အန်စာတုံးငယ် အရွယ်အစားသေးသေးလေးရအောင် လှီးထားပါ)
  • မှို ၂ ပွင့် (ရေစိမ်ထားပြီး အတုံးငယ် လှီးထားပါ)
  • ပုစွန်ဆိတ် ၆ ကောင်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ဆားနှင့် နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၂ လုံးကို ဇလုံအကြီးထဲသို့ ဖောက်ထည့်ပြီးနောက် မွှေခလောက်ထားပါ။ ထို့နောက် ကြက်ဥထဲသို့ ရေနွေးအနည်းငယ် ရောထည့်ကာ မွှေခလောက်ထားပါ။

၂။ မုန်လာဥနီ၊ မှိုနှင့် ပုစွန်တို့ကို ကြက်ဥ ပန်းကန်ထဲသို့ ရောထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထိုအရောအနှောကို ပေါင်းအိုးထဲထည့်မယ့် ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီးနောက် ပေါင်းအိုးထဲတွင် ၇ မိနစ်၊ ၈ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၄။ အချိန်ပြည့်ပါက ပေါင်းအိုးအဖုံးဖွင့်လျက်သားဖြင့် ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်တည်ထားပေးလိုက်ပါ။

ထို့နောက် ထိုကြက်ဥပေါင်း ပန်းကန်လုံးကို ပေါင်းအိုးထဲမှ ထုတ်ကာ ကြက်သွန်မြိတ်အနည်းငယ်၊ နှမ်းဆီအနည်းငယ် ဆမ်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ ပုစွန် ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Spicetheplate.com