ပုံမှန်ဆိုရင် မွှေခလောက်ထားတဲ့ ကြက်ဥကို ကြက်ဥကြော်အဖြစ်ပဲ လုပ်စားကြတာပါ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကြက်ဥဟင်းအဖြစ် ဖန်တီးပြုလုပ်မှာဖြစ်ပါတယ်။ အရသာက ခါတိုင်းနဲ့ မတူဘဲ တမူထူးခြားနေမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၃၆၀ မီလီလီတာခန့်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ကြက်သွန်မြိတ် ၁ ပင်
  • နှမ်းဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီးနောက် ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိတည်ထားလိုက်ပါ။

၂။ ပန်းကန်လုံးထဲသို့ ကြက်ဥ ၃ လုံးကို ဖောက်ထည့်ပြီး ၄ လုံးမြောက်ကြက်ဥကိုတော့ ကြက်ဥအနှစ်ပဲထည့်ပါ။ ကြက်ဥအကာကို ဖယ်ထားလိုက်ပါ။

၃။ ထိုကြက်ဥပန်းကန်ထဲသို့ ကြက်သွန်မြိတ်နှင့် ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး ခပ်ပြင်းပြင်းမွှေခလောက်လိုက်ပါ။

၄။ ကြက်ပြုတ်ရည် ဆူလာပါက မီးအပူချိန်လျော့လိုက်ပြီး မွှေခလောက်ထားသော ကြက်ဥများကို အိုးထဲထည့်ကာ ၁၀ စက္ကန့်ကြာအောင် ခက်ရင်းဖြင့် မွှေပေးလိုက်ပါ။ ထို့နောက် အိုးကို အဖုံးဖုံးထားပြီး ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ငါးမိနစ်ပြည့်ပါက အိုးအဖုံးဖွင့်လိုက်ပြီး မီးပိတ်လိုက်ကာ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်နှင့် ကြက်သွန်မြိတ်အနည်းငယ် ထပ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ထူးကဲကောင်းမွန်တဲ့အရသာအသစ်တစ်မျိုးပေးစွမ်းနိုင်သော ကြက်ဥဟင်းကို ထမင်းနဲ့ ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

Source: maangchi.com