အားလုံးပဲ မင်္ဂလာပါ။ ခရမ်းချဉ်သီးနဲ့ နာမည်လည်းမတူသလို အရောင်၊ ပုံစံတွေလည်း ကွဲပြားတဲ့ ခရမ်းသီးကို စာဖတ်သူတို့ ကြိုက်ကြလားရှင့်။ ခရမ်းသီးက သဘာဝအချိုဓာတ်ရှိပြီး ကြော်စားစား၊ ပြုတ်စားစား အလွန်ကိုအရသာရှိပါတယ်နော်။ ခရမ်းသီးကို အရင်တုန်းကလည်း ချက်စားတယ်ဆိုပေမယ့် အခုတစ်ခါမှာတော့ အရင်လောက်အချိန်မယူမယ့် ချက်နည်းအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အရသာလည်းအရမ်းရှိလို့ အမြဲတမ်းချက်စားချင်နေမှာပါနော်။

ပါဝင်ပစ္စည်းများ

  • အလယ်အလတ်အရွယ်အစားရှိတဲ့ ခရမ်းသီး – ၂ လုံး
  • ကြက်သွန်မြိတ် (လှီးပြီးသား) – ၁ ပင်
  • ကြက်သွန်ဖြူ (နုပ်နုပ်စဉ်းပြီး) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့တစ်ဝက်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • သကြား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ
  • နှမ်း (လှော်ပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်း

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ခရမ်းသီးတွေကို အချောင်းလိုက်လေးတွေရအောင် အရှည်လိုက်လှီးဖြတ်ပြီး နောက်ထပ် အလယ်ကနေ ထပ်ပိုင်းလိုက်ပါ။

၂။ အိုးတစ်လုံးထဲ ရေထည့်ကာ မီးပြင်းပြင်းမှာတည်ပေးပြီး အဖုံးအုပ်ထားပါ။ ပွက်လာပြီဆိုရင် ခရမ်းသီးတွေကိုထည့်လိုက်ကာ နူးလာတဲ့အထိ (တအားကြီးလည်း မနူးသွားပါစေနဲ့) ၃ မိနစ်ခန့် ပေါင်းပေးပါ။

၃။ နူးလာပြီဆိုရင် ပန်းကန်လုံးတစ်ခုထဲပြောင်းထည့်ပြီး အအေးခံပါ။ ကျန်ရှိနေတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ခရမ်းသီးနဲ့ပေါင်းစပ်လိုက်ပြီး အသာလေး သေချာနယ်ပေးပါ။

အရသာမြည်းကြည့်ပြီး လိုအပ်ပါက ပဲငံပြာရည်အနည်းငယ်ထပ်ထည့်ကာ ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com