အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဥပေါင်း ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ မိမိနှစ်သက်ရာ အသီးအရွက်တွေလည်း ထည့်ပြီး ပေါင်းပေးလို့ရတဲ့ ကြက်ဥပေါင်းနည်းလေးက စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြက်ဥ အကြီး ၂ လုံး
- ကြက်စွပ်ပြုတ်ရည် ခွက်တစ်ဝက်
- ဆား အနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- ပုဇွန် ၂ ကောင် အတုံးလေးတွေ လှီးပါ
ပြုလုပ်နည်း
ကြက်ဥ ၂ လုံးကို သေချာ ခလောက်ပြီး မွေပေးလိုက်ပါ။
ကြက်ပေါင်းရေ၊ ဆား နဲ့ ကြက်ဥတို့ရောလိုက်ပြီး အပူခံတဲ့ ခွက်ထဲ ထည့်လိုက်ပါ။
ပြီးရင်တော့ ရေကို ပွက်ပါက်ဆူအောင်သည်ပြီး ကြက်ဥထည့်ထားတဲ့ ခွက်ကို ထည့်လိုက်ကာ အဖုံးအုပ်ပေးထားလိုက်ပါ။ ပုဇွန်နဲ့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေထည့်လိုက်ပါ။
၁၀ မိနစ်ခန့် ပေါင်းပေးထားပါ။
အဲဒီနောက် ပူပူလေး သုံးဆောင်ပေးပါ။
Source: www.koreanbapsang.com
By: MyFood Myanmar