အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားစဉ်းကော ကြက်ဥပေါင်း ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၄ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားအနည်းငယ်နှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်ဥ ၃ လုံးနှင့် ရေအနည်းငယ်
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်
  • ဆားအနည်းငယ်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝက်သားကြော်ရန် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကြက်သွန်မြိတ် ၁ ပင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ပန်းကန်လုံးအကြီးထဲထည့်ကာ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဂျင်း၊ သကြားနှင့် ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ပြီးရင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ကြက်ဥ ၃ လုံးကို ချင်တွယ်ခွက်ထဲထည့်ပြီး ကြက်ဥ ပမာဏကို မီလီလီတာဖြင့် တိုင်းတာပါ။ ထိုကြက်ဥများကို ပန်းကန်လုံးထဲထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ၁ မိနစ်ခန့် မွှေခလောက်ပါ။

၃။ တိုင်းတာထားတဲ့ ကြက်ဥပမာဏအတိုင်း ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်ကို ဆတူရောပြီး ကြက်ဥပန်းကန်ထဲထည့်ပါ။ ရေကိုလည်း ကြက်ဥပမာဏအတိုင်း ဆတူရောထည့်လိုက်ပါ။ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ ထို့နောက် ပေါင်းအိုးကို အဆင်သင့်ပြင်ထားပြီး ပေါင်းအိုးထဲသို့ အပူဒဏ်ခံနိုင်သောပန်းကန်လုံး ထည့်ထားပါ။ ထို့နောက် ထိုပန်းကန်လုံးထဲသို့ ကြက်ဥရေများကို ဆန်ခါခံပြီး လောင်းထည့်ပေးရပါမယ်။

၅။ ပေါင်းအိုးအဖုံးကို ပိတ်ပြီးနောက် ၃ မိနစ်ခန့် ပေါင်းပေးပါ။ ၃ မိနစ်ပြည့်ပါက မီးပိတ်ပြီး နောက်ထပ် ၁၄ မိနစ်ခန့် စောင့်ပေးလိုက်ပါ။

၆။ ထိုကဲ့သို့ စောင့်နေချိန်မှာ ဝက်သား ကြော်ပေးလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၇။ မီးဖိုပေါ်က ချခါနီးမှ ကြက်သွန်မြိတ်ထည့်ပြီး ရောကြော်ပေးလိုက်ပါ။ ကြက်ဥပေါင်းထားသော ပန်းကန်ကိုလည်း ပေါင်းအိုးထဲကထုတ်လိုက်ပါ။ ပြီးရင် ဝက်သားစဉ်းကောကြော်များကို ကြက်ဥပေါင်းပေါ်သို့ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com