အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပဲပြား၊ ပဲတောင့်ရှည်နှင့် ငါးတို့ကို အဓိကအသုံးပြုပြီး ပြင်ဆင်ချက်ပြုတ်မယ့် ပဲပြား ငါးပေါင်းဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်လုပ် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲတောင့်ရှည် ၂၃၀ ဂရမ်
  • ပဲပြား ၁ တုံး (ပါးပါးလှီးထားပါ)
  • ငါး အတုံးကြီး ၂ တုံး (ကကတစ်ငါး၊ ငါးခူး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာငါးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

  • လက်မအရွယ်အစားရှိ ဂျင်းတုံး တစ်တုံး (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေအပြည့်ထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ပန်းကန်ပြားအကြီးတစ်ချပ်ပေါ်သို့ ပဲပြားများ တင်ထားလိုက်ပါ။ ပဲပြားပတ်ပတ်လည်တွင် အနေတော်အရှည်ခန့် လှီးဖြတ်ထားသော ပဲတောင့်ရှည်များ ထည့်ထားလိုက်ပါ။ ထို့နောက် ပဲပြားပေါ်သို့ ပဲပိစပ်အနှစ်အနည်းငယ် ဆမ်းထားလိုက်ပါ။ ထို့နောက် ဆားအနည်းငယ်ပါ ဖြူးထားပါ။

၃။ ထိုပဲပြားပေါ်တွင် ငါးများထည့်ထားပါ။ ထို့နောက် ကျန်ရှိနေသော ပဲပိစပ်အနှစ်များကို ငါးများပေါ်တွင် အညီအမျှ ဆမ်းထည့်လိုက်ပါ။ ထိုပန်းကန်လုံးကို ပေါင်းမည့်အိုးထဲ ထည့်ပြီးနောက် စောစောက ပွက်ပွက်ဆူနေသော အိုးပေါ်တွင် ၈ မိနစ်ခန့် ပေါင်းထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားပါက ဂျင်းနှင့် ကြက်သွန်မြိတ်များကို ငါးပေါ်တွင် ဖြူးထည့်လိုက်ပါ။

၅။ ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ငါးပေါ်သို့ ချက်ချင်းလောင်းထည့်လိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပြား ငါးပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com