အားလုံးပဲ မင်္ဂလာပါ။ ငါးကင်၊ ငါးပေါင်း စားရတာကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်တဲ့ ငါးပေါင်းအစပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Organicfacts.net

• ငါးဝက်မ (သို့) မိမိကြိုက်နှစ်သက်ရာ ငါးတစ်ကောင်ကောင်
• ဂျင်းတုံး တစ်တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
• အပူပေးထားသော ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

အချဉ်ဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

Source: Goodfood.com.au

• အချဉ်ဖောက်ထားသော ငရုတ်ဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
• ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်နှင့် အချဉ်ဖောက်ထားသော ပဲပိစပ် စားပွဲတင်ဇွန်း တစ်ဝက်
• ကြက်သွန်ဖြူ ၃ မြွှာနှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ရေဆေးပြီး ငါးရဲ့ဝမ်းဗိုက်အလယ်တည့်တည့်ကနေ ငါးကို ထက်ခြမ်းခြမ်းလိုက်ပါ။ ပါးပါးလှီးထားသော ဂျင်းများကို ငါးရဲ့ဝမ်းဗိုက်ထဲမှာရော၊ ငါးအပေါ်မှာပါ တင်ထားလိုက်ပါ။

၂။ ဒယ်အိုးအသေးတစ်လုံးထဲတွင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတို့ ထည့်ကြော်လိုက်ပါ။ ငရုတ်ဆော့စ်၊ ပဲပိစပ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပြီးသမအောင် မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ အချဉ်ဆော့စ်ကို ငါးတစ်ကောင်လုံးပေါ်မှာ ဆမ်းထည့်လိုက်ပါ။ ထို့နောက် ငါးကို အလယ်အလတ်မီးအပူချိန်ဖြင့် ၈ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ပေါင်းပေးလိုက်ပါ။

၄။ အချိန်ပြည့်ပါက ငါးပေါင်းပေါ်သို့ ကြက်သွန်မြိတ် ထည့်လိုက်ပါ။ ဆီပူ စားပွဲတင်ဇွန်း ၂ ဇွန်းကို ငါးပေါင်းပေါ်မှာ လောင်းထည့်လိုက်ပါ။ ဒီလိုလောင်းထည့်ပေးခြင်းအားဖြင့် ငါးပေါင်းက အနံ့ ပိုမွှေးပါတယ်။

ဖော်ပြပါအဆင့်တွေအားလုံး ပြုလုပ်ပြီးသွားပြီဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ငါးပေါင်းအစပ်လေးကို အချိုရည်အေးအေးလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com