မုန့်ပေါင်း ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများ
- မြေအိုးမှာ ပေါင်းခွက် ၊ အဖုံး( စလောင်းဖုံး) ပါတဲ့ တစ်စုံ
- ပိတ်စ ပါးပါး တစ်ခု ၊
- တရုတ် ရေနွေးသောက် ပန်းကန်လုံးစောက် ခပ်ပက်ပက်က အခရာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်ကြမ်းမှုန့် – ၃ ဆ
- ကောက်ညှင်းမှုန့် ၁ ဆ
- စားတော်ပဲပြုတ် (မုန့် အဆိမ့် ပြုလုပ်ရန်)
- နှမ်းထောင်း (မုန့် အဆိမ့် ပြုလုပ်ရန်)
- ဆား
- ထန်းလျက်( သေးသေးညှပ်ပြီး ခြေထားပါ။ မုန့် အချို ပြုလုပ်ရန်)
ပြုလုပ်နည်း
- ဆန်ကြမ်းမှုန့် နှင့် ကောက်ညှင်းမှုန့် ကိုသမအောင်မွှေပြီး၊ ရေကျက်အေးကို အနည်းငယ်စီ ဖြန်းပြီး ဇလုံ တစ်ခုမှာ နှပ်ထားရပါမယ်။ ရေအချိုး အတိအကျ မရှိပေမဲ့ ပြုလုပ်တဲ့ မုန့်သားဟာ အလွယ်တကူ ခြစ်ထုတ် လို့ရမဲ့ အနေအထား ရှိရပါမယ်။
- နှပ်ထားတဲ့ မုန့်သားကို ရေစိုတဲ့ အဝတ်စ ပါးလေးနဲ. အနည်းဆုံး ၅ နာရီခန့် အုပ်ထားပါ။ (မုန့်သား အချဉ်ဖောက် လာစေဖို့ပါ။) မုန့်လုပ်မည့်အိုးမှာ အငွေ့ ကောင်းစွာရရန် မီးအရှိန်က အရံသင့် ရှိနေရပါမယ်။
- အဆိမ့်မုန့် အတွက် တရုတ် ရေနွေးသောက် ပန်းကန်အောက်ခြေမှာ ပဲပြုတ်ကို အောက်က ထည့်ပြီး မုန့်သားကို ဇွန်း (သို့) ပန်းကန်အနား ပါးပါးလေးနဲ့ ခြစ်ပြီး ခပ်ပြည့်ပြည့် ထည့်ပါ။
- ပန်းကန်လုံးအပေါ် ပိတ်စ ပါးပါးအုပ်၊ ပိတ်စ အဖျားကို စုပြီး ရေဆူနေတဲ မြေပေါင်းအိုးမှာ တင်ပြီး စလောင်းဖုံး ပြန်ဖုံးကာ အငွေ့လုံအောင် ( ၃-၅ ) မိနစ်ခန့် ပေါင်းပါ။ ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူး၍ သုံးဆောင်နိုင်ပါပြီ။
- အချိူအတွက် မုန့်ပန်းကန် တစ်ဝက်လောက်မှာ မုန့်သားထည့်ပြီး ညှက်အောင်ချေထားတဲ့ ထန်းလျက် ကိုထည့်ပါ။ ပြီးလျှင် ခြစ်ထားတဲ့မုန့်သားကို ဖြည့်ပြီး အထက်ပါ နည်းအတိုင်း ပြန်ပေါင်းပါ။ ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူးရျ် သုံးဆောင်နိုင်ပါပြီ။
Credit: Original Uploader & ဒေါ်မြထွေး