ပါဝင်ပစ္စည်းများ
- ဘဲသား
- သင်္ဘောသီး
- ငါးငံပြာရည်
- သကြားနည်းနည်း
- အသားမှုန့်
- မဆာလာ
- ဂျင်း
- နနွင်းမှုန့်
- ငရုတ်သီး
- ကြက်သွန်နီ /ဖြူ
ပြင်ဆင်ပြုလုပ်နည်း
- ဘဲသားကို သေချာဆေးကြောပြီး တစ်ကိုယ်လုံးကို မီးအနည်းငယ်ကင်ပေးပါ ။ အသားကျက်အောင် ကင်တာမျိုးမဟုတ်ဘဲ ၊ မီးနဲ့ထိပြီး အနံ့လေး မွှေးလာအောင် မီးပြရုံ ကင်ပေးပါ ။ ပြီးရင်တော့ အနေတော်အတုံးလေးတွေ လှီးထားပါ ။
- ပြီးရင် ငါးငံပြာရည် ၊ သကြားနည်းနည်း ၊ အသားမှုန့် နဲ့ မဆာလာထည့်ပြီး ရောနယ်ပြီး နှပ်ပေးထားပါ ။
- ကြက်သွန်နီ ၊ ဖြူ ၊ ဂျင်း ၊ နနွင်းမှုန့် အနည်းငယ်ထည့်ထောင်းတဲ့ ငရုတ်သီးကို ဆီချက်လိုက်ပါ ။ ငရုတ်သီးဆီကျက်သွားပြီဆိုရင် နှပ်ထားတဲ့ဘဲသားကို ထည့်ပြီး ပေါင်းလို့ရပါပြီ ။ ဘဲသားက အနူးကြာတဲ့အတွက် အချိန်တော်တော်ကြာလို့ ဘဲသားအိလာတဲ့အထိ ရေများများထည့်ပြီး ပေါင်းထားပေးရပါမယ် ။
- ဘဲသားအတော်အတန် နူးလာပြီး ရေမခန်းတခန်းလောက် ရောက်ပြီဆိုရင်တော့ သင်္ဘောသီးကို ထည့်ပေးလိုက်ပါ ။ သင်္ဘောသီးက အသားကို အနူးမြန်စေပါတယ် ။ အသားရော သင်္ဘောသီးရော နူးအိလာပြီဆိုရင်တော့ စားဖို့ရန် အဆင်သင့်ဖြစ်ပါပြီ ။ အရသာရှိတဲ့ သင်္ဘောသီး ဘဲပေါင်းဟင်းကို ရနိုင်ပြီ ။
(စပါးလင်ကိုတော့ ထည့်လေ့မရှိပါ ။ ဒါပေမယ့် ဘဲသားက အနံ့ အနည်းငယ် ရှိတဲ့အတွက် စပါးလင် ထည့်ထားရင် ပိုသင့်တော်ပါတယ် ။ ဆီထည့်တာ များတာမဟုတ်ပါ ။ ဘဲသားက ဆီထွက်တာပါ )
Credit: အစားအစာကမ္ဘာ