အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဝက်သားဟင်းချက်နည်းကတော့ ဝက်သားကို နုပ်နုပ်စဉ်းထားပြီး အရသာရှိရှိပေါင်းစားနိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၃၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • အနံ့မွှေးရန်အတွက် ဂျင်းနှင့် ကြက်သွန်ဖြူအနည်းငယ် (နုပ်နုပ်စဉ်းထားပါ)

(စာဖတ်သူတို့အနေနဲ့ အခြားပါဝင်ပစ္စည်းများ ထပ်ထည့်ချင်ပါက ပုစွန်ခြောက်၊ မျှစ်၊ ဘဲဥငန်၊ မုန်လာဥဖြူ စသည်တို့ကို ထည့်ချက်နိုင်ပါသေးတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားများကို ပန်းကန်လုံးအကြီးတစ်လုံးထဲ ထည့်ပြီးနောက် ရေ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီနှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။ (ဟင်းသီးဟင်းရွက်များ ထည့်ချင်ပါက နုပ်နုပ်စဉ်းပြီး ထည့်နယ်နိုင်ပါတယ်။)

၂။ သမအောင် နယ်ပြီးတဲ့နောက်မှာတော့ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ ထည့်ကာ ထပ်နယ်ပေးရပါမယ်။

၃။ နယ်ပြီးသွားတဲ့ ဝက်သားစဉ်းကောကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် မျက်နှာပြင်ကို ညီညာအောင် ညှိလိုက်ပါ။

၄။ ပေါင်းအိုးထဲသို့ ရေထည့်ပြီးနောက် ဆူပွက်လာပါက ဝက်သားပန်းကန်ထည့်လိုက်ပါ။ ထို့နောက် ပေါင်းအိုးအဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် ထည့်ပေါင်းပေးရပါမယ်။

အချိန် ၁၅ မိနစ်ပြည့်သွားပါက အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ဝက်သားစဉ်းကောပေါင်း ဟင်းလျာတစ်ခွက်ရရှိသွားပါပြီ။

Source: Thewoksoflife.com