ပါဝင်ပစ္စည်းများ
- ဝက်နံရိုး
- ကြက်သွန်ဖြူ
- ဆား
- ပျားရည်
- နှမ်းဆီ
- ဂျင်း
- တရုပ်မဆလာ
- အာလူးအမှုန့်
- ပဲငပိ
ပြုလုပ်နည်း
၁။ ဝက်နံရိုး ကို ကြက်သွန်ဖြူ ၊ ဆား ၊ ပျားရည် ၊ နှမ်းဆီ ၊ ဂျင်းထောင်းအရည်ညှစ်ပြီး တရုပ်မဆလာ ၊ အာလူးအမှုန့် နဲ့ နယ်နှပ်ထားပါ ။
၂။ နယ်ထားတဲ့ ဝက်နံရိုးကို အရိုးပါ နူးအောင် ပဲငပိနဲ့ ပေါင်းလိုက်တာပါ ။
၃။ ပဲငပိနံ့ သင်းသင်းလေးနဲ့ အင်မတန် စားကောင်းပါတယ် ။
Credit: Snow June