အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ ပဲဝက်နံရိုးပေါင်းပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဝက်နံရိုး ၁ ပေါင်
• သကြား စားပွဲတင်ဇွန်း တစ်ဝက်
• ဂျင်း ၄ ပြားခန့်နှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
• အချဉ်ဖောက်ထားသော ပဲစေ့နက် စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆား စားပွဲတင်ဇွန်း ၁ ဇွန်း

• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
• ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
• ပါးပါးလှီးထားသော ကြက်သွန်မြိတ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို အနေတော် တုံးထားပြီး ရေအေးဖြင့် ဆေးကြောပြီးနောက် ထိုရေအေးထဲတွင် မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ပါက သန့်စင်သောတဘက်ဖြင့် ခြောက်အောင်သုတ်လိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် သကြား၊ ဆားနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး သမအောင် နယ်လိုက်ပါ။ ဝက်နံရိုးတုံးများကို ထိုပန်းကန်လုံးထဲထည့်ကာ ထပ်နယ်ပေးလိုက်ပါ။ ထို့နောက် ထိုပန်းကန်လုံးကို ပလပ်စတစ်ဖြင့် ပိတ်လိုက်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၃ နာရီခန့် ထည့်ထားလိုက်ပါ။

၃။ အချိန်ပြည့်ပါက ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ ထို့နောက် ပဲစေ့၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချက်ဝိုင်တို့ဖြင့် ထပ်နယ်ပေးရပါမယ်။ ပြီးရင်တော့ အခန်းအပူချိန်ထဲမှာပဲ မိနစ် ၄၀ ခန့် စိမ်ထားလိုက်ပါ။

၄။ ရေနှင့် ပြောင်းမှုန့်ကို သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဝက်နံရိုးပေါ်သို့ လောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ ဝက်နံရိုးကို ပေါင်းအိုးထဲမှာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ပေါင်းထားလိုက်ပါ။

အချိန်ပြည့်တဲ့အခါ ပေါင်းအိုးထဲက ထုတ်ပြီး ကြက်သွန်မြိတ်လေး ထည့်ကာ ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com