အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆွေးမျိုးမေ့သွားစေမယ့် ဘဲဥ ဝက်သားပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၀၀ ဂရမ်
  • ဘဲဥ ၂ လုံး
  • တစ်လက်မပတ်လည်း ဂျင်းတုံး တစ်တုံး
  • ကြက်သွန်မြိတ် ၂ ပင်
  • ကြက်သွန်ဖြူ ၂ မြွှာ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဖွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ရေဆေးပြီးနောက် နုပ်နုပ်စဉ်းထားပါ။

၂။ ဘဲဥအကာ၊ ပြောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဝက်သားစဉ်းကောများထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ဝက်သားစဉ်းကောကို ပေါင်းအိုးထဲထည့်မယ့် ပန်းကန်လုံးထဲထည့်ကာ ဇွန်းဖြင့် ဖိသိပ်ပေးလိုက်ပါ။

၄။ ထို့နောက် ဘဲဥအနှစ် ထည့်ဖို့ရန်အတွက် ဝက်သားရဲ့အလယ်ဗဟိုတည့်တည့်တွင် ရေတွင်းပေါက်လေးဖောက်ထားလိုက်ပါ။ ပြီးရင်တော့ ဘဲဥအနှစ်လေး ထည့်လိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ပေါင်းရပါမယ်။

၅။ အချိန်ပြည့်သွားတဲ့အခါမှာတော့ စားချင်စဖွယ်အတိပြီးတဲ့ ဘဲဥ ဝက်သားပေါင်းလေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိ ထမင်းဖြင့် တွဲဖက်စားသုံးလိုက်ပါ။

Source: Chinasichuanfood.com