ဝက်သားကို ဆီတွေနဲ့ချက်စားရတာရိုးလာပြီဆိုရင် အပြောင်းအလဲလေးအနေနဲ့ ပေါင်းပြီးစားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား – တစ်ဆယ်သား
- ကြက်ဥ – သုးံလုးံ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျုံ – တဇွန်း
- သကြား
- ငရုတ်ကောင်း
- ဗမာနံနံ
- ဂျင်း
- ဆား
ပြုလုပ်နည်း
ဝက်သား တဆယ်သားကို နုတ်နုတ်စင်းပါ။ စင်းထားသော ဝက်သားကို ဆား၊ သကြား၊ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဂျုံတဇွန်း၊ ကြက်ဥ သုံးလုးံ၊ ဗမာနံနံ တို့နှင့် ရောမွှေ၍ နာနာ ခလောက်ပါ။
ပြီးလျှင် ပန်းကန်လုံးထဲ ထည့်၍ နာရီဝက်ခန့် ပေါင်းပါ။ ကျက်လျှင် ဝက်သားပေါင်းကို လိုသလို လှီးပြီး ဆော့ချဉ်နဲ့ တွဲဖက်သုးံဆောင်နိုင်ပါသည်။
Credit: Daw Suu Suu