အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ နူးနူးအိအိလေးနဲ့ စားလို့ကောင်းတဲ့ ဝက်နံရိုးပေါင်းဟင်းလျာပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁ ပေါင် (အနေတော် အတုံး တုံးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၂ တောင့်
  • အချဉ်ဖောက်ထားသော ပဲပိစပ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက်ဆီ၊ ဟင်းချက်ဝိုင်၊ ပဲပိစပ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပြောင်းမှုန့်၊ ဆားနှင့် သကြားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ဝက်နံရိုးအတုံးများကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် စောစောကနယ်ထားသော အနှစ်များဖြင့် သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းငယ် မိနစ် ၃၀ မှ တစ်ညတာအထိ နှပ်ထားပေးလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ဝက်နံရိုးများကို ပေါင်းအိုးထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ပေါင်းပေးရပါမယ်။

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ပြည့်ပါက ဝက်နံရိုးများ နူး မနူး စမ်းကြည့်ပြီးနောက် မနူးသေးပါက နောက်ထပ် ငါးမိနစ်ခန့် ထပ်ပေါင်းပေးနိုင်ပါတယ်။

၄။ ထို့နောက် စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com