ပါဝင်ပစ္စည်းများ
- ထိုင်းသာကူစေ့ ထုပ်၁ထုပ်
- ဆား
- သကြား
- ဝက်သား
- ကြက်သွန်နီ
- ငရုပ်ကောင်း
- ပဲငံပြာရည်
- ငရုပ်သီးစိမ်း
- ဆလပ်ရွက်
- နံနံပင်
- ဆီ
- ရေအေး
ပြုလုပ်နည်း
- ထိုင်းသာကူစေ့ ထုပ်၁ထုပ်ကို ဟင်းရည် ပန်းကန်လုံးငယ် နှစ်ခွက် ၊ ရေအေး အနည်းငယ်ဖြင့် ဆား ၊ သကြားနဲနဲ ထည့် နယ်ပြီး၃/၄နာရီ (၅)နာရီ မကျော်ရ နယ်နှပ်ထားပါ။
- ဝက်သား ၊ ကြက်သွန်နီကို ကြိတ်စက်နဲ့ ညက်အောင် ကြိတ်ပြီး ဆား ၊ သကြားနဲနဲထည့် ရေခမ်းအောင် ရောတည်ပြီး ရေခြောက်ပါက ဆီနဲနဲထည့်ကာ မွှေးကျက်အောင် ကြော်ပါ။
- ကျက်ခါနီး ငရုပ်ကောင်း၊ ပဲငံပြာရည်နဲနဲ ထည့်ကြော်ပါ။ သာကူပြဲ အချိန်စေ့ပါက လုံးရလွယ်အောင် ရေနွေးနဲနဲ ဖြန်းပြီး အလုံးလေး တလုံးစီလုံးကာ ကုန်အောင်လုံးထားပါ။ လုံးပြီး သာကူလုံးကို အဝိုင်းပြားလေး ပြားကာ ဝက်သား အစာကြော်ကို နဲနဲထည့်ပြီး ပြန်ပိတ် လုံးထားပါ။
- ရေနွေးဆူဆူ နဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ကျက်အောင် ပေါင်းပေးပါ။ အလျင်လိုပါက ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အပေါ်တက်လာက ကျက်ပါပြီ။
- နူးညံ့ပျော့အိ အရသာရှိသော ဝက်သား သာကူလုံးပေါင်းပေါ်ကို ဆီချက်ဖြူးပြီး ငရုပ်သီးစိမ်း၊ ဆလပ်ရွက်၊ နံနံပင်နဲ့ တွဲစားပါက အလွန် အရသာရှိသည်။ *(ဝက်သားအစား ကြက်သား ၊ ငါးနဲ့လည်း ချက်နိုင်သည်။)
Credit: Nang Zan Kyio Tip