အားလုံးပဲ မင်္ဂလာပါ။ ဝက်သားပေါက်စီ၊ ကြက်သားပေါက်စီကို ကြိုက်နှစ်သက်တဲ့ ပေါက်စီချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်အူချောင်းညှပ်ပေါက်စီပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၅၆ ဂရမ်
  • ရေ ၁၂၅ မီလီလီတာ (သို့) နွားနို့ ၁၅၀ မီလီလီတာ
  • တဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဝက်အူချောင်း ၃ ချောင်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အစားအစာများ ရောမွှေသည့်စက်ကြီးထဲတွင် ဂျုံမှုန့်၊ ရေ၊ တဆေး၊ ဆား၊ သကြားနှင့် ဟင်းသီးဟင်းရွက်ဆီတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ မိမိလိုချင်တဲ့ ဂျုံလုံးအနေအထားခန့် ရသွားပါက စက်ထဲမှ ထုတ်ယူပြီး ဂျုံလုံးခပ်ကြီးကြီး လုံးလိုက်ပါ။ ထို့နောက် သန့်စင်ပြီး ရေဆွတ်ထားသော အဝတ်စဖြင့် တစ်နာရီခန့် အုပ်ထားလိုက်ပါ။

၂။ ဂျုံမှုန့်က ပွလာပါက ဂျုံပိုင်း ၆ ပိုင်း ပိုင်းထားပြီးနောက် ခပ်ရှည်ရှည်လေးဖြစ်အောင် လုံးထားလိုက်ပါ။ ဝက်အူချောင်း တစ်ချောင်းစီကို ထက်ဝက်ပိုင်းထားပါ။ ထို့နောက် ဝက်အူချောင်း တစ်ပိုင်းစီကို ဂျုံချောင်း တစ်ချောင်းချင်းစီဖြင့် ပတ်ထားလိုက်ပါ။

၃။ ဂျုံလုံးပတ်ထားသောာ ဝက်အူချောင်းများကို ပေါင်းအိုးထဲထည့်ပြီးနောက် အဖုံးအုပ်ထားကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပေါင်းထားလိုက်ပါ။ အချိန်ပြည့်ပြီး ရေက ဆူပွက်လာပါက နောက်ထပ် မိနစ် ၂၀ ခန့် ထပ်ပေါင်းပေးလိုက်ပါ။

ဒီလိုအဆင့်ဆင့် ပေါင်းပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်အူချောင်းလိပ် ပေါင်မုန့်လေး ရရှိသွားပါပြီ။ ပူပူနွေးနွေးလေး သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com