လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ကောက်ညှင်းပေါင်းကို ဒီတစ်ခါမှာတော့ အသားလုံးနဲ့ ရောနှောပြီး အသားလုံး ကောက်ညှင်းပေါင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• အမဲသား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ) (မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်)
• ကြက်ဥ ၁ လုံးနှင့် ကောက်ညှင်းဆန် ၇၅ ဂရမ်
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• ဟင်းချက်ဝိုင်၊ ပဲငံပြာရည်နှင့် ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
• ငရုတ်ကောင်းမှုန့်၊ ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတွင် အမဲသားများ ထည့်ထားလိုက်ပါ။ ထို့နောက် ကြက်ဥ ဖောက်ထည့်ကာ ဟင်းချက်ဝိုင်၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ဆားနှင့် သကြားတို့ထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။

၂။ နယ်ဖတ်ပြီးတဲ့ အစာများကို အသားလုံးပုံသဏ္ဍာန် အနေတော်အရွယ်အစား လုံးထားလိုက်ပါ။

၃။ ရရှိလာတဲ့ အသားလုံးများကို ကောက်ညှင်းဆန်ဖြင့် ညီညီညာညာကပ်ပေးလိုက်ပါ။

၄။ ထို့နောက် ကောက်ညှင်းအသားလုံးများကို ပေါင်းအိုးထဲ ထည့်ကာ ရေပွက်ပွက်ဆူလာသည်အထိ (မိနစ် ၂၀ ခန့်) ပေါင်းထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အသားလုံး ကောက်ညှင်းပေါင်း ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com