တို့ဖူးပေါင်းကို သူ့ချည်းပဲ ချက်စားတာထက် ဝက်သားစဉ်းကောနဲ့ တွဲချက်မယ်ဆိုရင်တော့ ဝက်သားရဲ့အဆီအနှစ်တွေက တို့ဖူးထဲ စိမ့်ဝင်နေပြီး အင်မတန်စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဖူးအဖြူ ၁၀.၅ အောင်စ
  • သံလွင်ဆီ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဝက်သား ၅ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တို့ဖူးကို ရေခြောက်အောင် သုတ်ထားပြီးနောက် လက်မဝက်အထူခန့် လှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆိ အနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ဝက်သားထည့်ကာ စက္ကန့်အနည်းငယ်ခန့် မွှေကြော်ပါ။ ခရုဆီနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၃။ ပြောင်းမှုန့်ကို ရေနဲ့ သမအောင် ရောမွှေပြီးနောက် ဝက်သားပေါ် ဆမ်းထည့်ကာ ၁၀ စက္ကန့်ခန့် သမအောင် မွှေကြော်ပါ။ ငရုတ်ကောင်းအနည်းငယ်ဖြူးပြီးနောက်မှာတော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ မကျက်တကျက်ချက်ထားသော ဝက်သားကြော်ကို ပန်းကန်လုံးအလယ်တည့်တည့်တွင် ပုံထားပါ။ ထို့နောက် တို့ဖူးပြားများကို ဝက်သားပြားပေါ်တွင် တစ်ခုနှင့်တစ်ခုထပ်ကာ အစီအရီ စီထားလိုက်ပါ။ ကျန်ရှိနေသော ပဲငံပြာရည်နှင့် နှမ်းဆီတို့ကို တို့ဖူးပေါ် ဆမ်းထည့်လိုက်ပါ။

၅။ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြူးထည့်ကာ ပန်းကန်လုံးကို ခဲဖတ်ဖြင့် အုပ်ပါ။ ထို့နောက် ပေါင်းအိုးထဲတွင် ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားစဉ်းကော တို့ဖူးပေါင်းလေး ရရှိသွားပါပြီ။

Source: Delightfulplate.com