အကြော်စုံ ဝယ်စားတဲ့အခါ တို့ဖူးကြော်ကလည်း အရသာရှိတဲ့အတွက်ကြောင့် မပါမဖြစ်တဲ့ အကြော်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တို့ဖူးကြော်မဟုတ်ဘဲ တို့ဖူးပေါင်း လုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း

• တို့ဖူး ၃၅၀ ဂရမ်
• ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
• နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပုစွန်ခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် တရုတ်နံနံ စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

Source: Healthynibblesandbits.com

• ပုစွန်ခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း
• ရှာလကာရည်အနောက် စားပွဲတင်ဇွန်း တစ်ဝက်
• ကြက်သွန်ဖြူ ၂ မြွှာ
• ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တို့ဖူးကို ပန်းကန်ပြားထဲ အဆင်သင့်ထည့်ထားပြီးနောက် ၂ စင်တီမီတာအထူ လှီးဖြတ်ထားပါ။ (တို့ဖူးများကို လှီးဖြတ်ပြီးမှ ပန်းကန်ထဲပြောင်းထည့်မယ်ဆိုရင် တို့ဖူးပုံသဏ္ဍာန် ပျက်ယွင်းသွားနိုင်ပါတယ်)

၂။ တို့ဖူးများ လှီးပြီးသွားသော ပန်းကန်ထဲမှာ ၂ မိနစ်ခန့် ဒီအတိုင်းထားလိုက်ပါ။ ထို့နောက် ပန်းကန်ထဲရှိရေများကို ဖြည်းဖြည်းချင်းစစ်ထုတ်လိုက်ပါ။

၃။ ပေါင်းအိုးကို အသင့်ပြင်ထားပြီး တို့ဖူးပန်းကန်ကို ပေါင်းအိုးထဲမှာ ၆ မိနစ်၊ ၈ မိနစ်ခန့် ထည့်ပေါင်းထားလိုက်ပါ။ အချိန်ပြည့်ပါက တို့ဖူးပန်းကန်ကို ပေါင်းအိုးထဲက ထုတ်ပြီး ပန်းကန်ထဲက ရေများကို ဖြည်းဖြည်းချင်း စစ်ထုတ်လိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး နှမ်းဆီ ထည့်ကာ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်ထည့်ကာ ဆီသတ်လိုက်ပါ။ ထို့နောက် ပဲငံပြာရည်၊ ခရုဆီ၊ ပုစွန်ခြောက်၊ တရုတ်နံနံ၊ ငရုတ်သီး၊ ဆား၊ သကြား၊ ရှာလကာရည်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ အချဉ်ရည်ပူပူနွေးနွေးလေးကို တို့ဖူးပေါ် လောင်းချပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တို့ဖူးပေါင်းလေး ရရှိသွားပါပြီ။ အားရပါးရ မြိန်ယှက်စွာ သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com