အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေး စားသုံးချင်သူများအတွက် လျှာလည်သွားစေမယ့် ကြက်တောင်ပံကြော် ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁.၅ ကီလိုဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • လက်မအရွယ်အစားခန့် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၅ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • ညှက်နေသော ထောင်းထားသော စပါးလင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၁၂၀ ဒီဂရီစင်တီဂရိတ် (၂၅၀ ဒီဂရီဖာရင်ဟိုက်)ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်တောင်ပံ တစ်ခုချင်းစီကို နှစ်ပိုင်းဖြစ်သွားအောင် အဆစ်ကနေ ခုတ်ထစ်ထားပါ။ ကြက်တောင်ပံများကို ရေစင်အောင် ခြောက်သွေ့အောင် သုတ်ထားလိုက်ပါ။

ထို့နောက် ပန်းကန်လုံးထဲထည့်ကာ မုန့်ဖုတ်ပေါင်ဒါ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၃။ မုန့်နှစ်နယ်ထားသော ကြက်တောင်ပံများကို Oven ထဲထည့်မယ့် လင်ဗန်းပေါ် ထည့်ကာ မိနစ် ၃၀ ခန့် အပူပေးလိုက်ပါ။

မိနစ် ၃၀ ပြည့်ပါက ကြက်တောင်ပံများကို အခြားတစ်ဖက်သို့လှန်ကာ Oven ထဲတွင် ၄၅ မိနစ်ခန့် အပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ် ပြုလုပ်ရပါမယ်။

ဒယ်အိုးအသေးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဆော့စ်၊ ပျားရည်၊ သကြားညို၊ ပဲငံပြာရည်အနောက်၊ စပါးလင်းထောင်းတို့ထည့်ကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ပါ။

၅။ ကြက်တောင်ပံများကို ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ထို့နောက် စောစောက ကျိုထားသောဆော့စ်များကို ကြက်သားတုံးများပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ကာ လှလှပပ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်တောင်ပံအကြွပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com