ပါဝင်ပစ္စည်း
- ကြက်သွန်ဖြူဆီ
- တရုတ်မဆလာ
- ဝက်သားစင်း
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- နံနံပွင့်
- ဆီ
- ဆား
- မြေပဲလှော်ထောင်း
- ငြုတ်သီး
- ပဲရွက်
- မုန့်ညှင်းဖြူ
- ပဲငံပြာရည်
- ကြက်သားမှုန့်
- ဗမာနံနံ
- ရှမ်းမုန့်ဖက်
- မုန်လာထုပ်
- ဗင်နီကာ၊ အချိုမှုန့်
- ငြုပ်သီးစိမ်း
ပြုလုပ်ရန်
ကြက်သွန်ဖြူ ဆီသက်ပြီး ကျက်တော့ တရုတ်မဆလာ ထည့်ပါတယ် ။
ဝက်သားစင်းသားကို ကြက်သွန်နီဖြူ ၊ ဂျင်း နဲ့ဆီသက်ပြီး အချိုငံ ထည့်ပြီး နံနံပွင့်လေးထည့် ၊ ဆီပြန် ချက်ထား ပါတယ် ။
ပြီးလျင် မြေပဲကို လှာ်ထောင်းပါ ။
ငြုတ်သီး နဲနဲမဲအောင်ကြော်ပြီး ဆီစိမ်းထားပါ ။
ပဲရွက်တို့ မုန့်ညှင်းဖြူတို့ ရှိပါက ပြုတ်ပြီး ထည့်နိုင်ပါတယ် ။
ပွဲပြင်ရန် ရှမ်းဖက်ပြုတ် ၊ ဝက်သားဟင်း ၊ ဆီချက် ၊ မြေပဲထောင်း ၊ ပဲငံပြာရည် ၊ ကြက်သားမှုန့် ၊ ဗမာနံနံ တို့ ထည့်ပြီး သုးံဆောင်နိုင် ပါသည် ။
အချဉ်တွက် ကတော့ မုန်လာထုပ် ပါးပါးလှီးပြီး ဗင်နီကာ ၊ ဆား ၊အချိုမှုန့် ၊ ငြုတ်သီးစိမ်းတို့နဲ့ စားခါနီးမှ နယ်စား ပါသည် ။
Credit: Daw Suu Suu