အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရိုးထမင်းကြော် မဟုတ်ဘဲ ကောက်ညှင်းထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဝက်အူချောင်းနဲ့ ရောကြော်ရမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းထမင်း ၂ ယောက်စာ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်နှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်ပြုတ်ရည် ၆၀ မီလီလီတာ

  • ဝက်အူးချောင်း ၃ ချောင်း (အနေတော် အတုံးတုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပုစွန်ခြောက် အနည်းငယ် (ရေနွေးဖြင့် ၁၅ မိနစ်ခန့် စိမ်ထားပါ)
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ် အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ၊ ကြက်ပြုတ်ရည်နှင့် ဆားတို့ကို ပန်းကန်လုံးတစ်လုံးထဲတွင် ရောမွှေထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ပုစွန်ထည့်ပြီး ၃ စက္ကန့်ခန့် မွှေလိုက်ပါ။ ကြက်သွန်နီနဲ့ ဝက်အူချောင်းများ ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ကောက်ညှင်းထမင်းထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် စောစောက ရောထားသော ခရုဆီအရောအနှောများကို တစ်ဝက်ခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ကောက်ညှင်းမတူးအောင် အိုးမကပ်အောင် အဆက်မပြတ်မွှေပေးလိုက်ပါ။ ပြီးရင် ကျန်ရှိနေတဲ့ ခရုဆီတစ်ဝက်ကို ထပ်ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်ပါ။

၃။ အရသာ အပေါ့အငန်ကွက်တိကျပြီဆိုပါက မီးပိတ်လိုက်ကာ ကြက်သွန်မြိတ်လေးတွေထည့်ပြီး ခေတ္တခဏမွှေပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ရရှိလာတဲ့ ဝက်အူချောင်း ကောက်ညှင်းထမင်းကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thewoksoflife.com