အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါတော့ ကောက်ညှင်းပေါင်းကြော်လေး ကြော်စားရအောင်။ ကောက်ညှင်းပေါင်းကို ဒီအတိုင်းပဲစားရတာထက် အရသာတစ်မျိုးလေးနဲ့ ပိုလည်းအရသာရှိတဲ့ ကောက်ညှင်းပေါင်းကြော်လေး ကြော်စားကြမယ်နော်။
ပါဝင်ပစ္စည်း
- ကောက်ညှင်းပေါင်း
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီအနည်းငယ်
- ကြက်စွပ်ပြုတ်ရည် အနည်းငယ်
- ဆားအနည်းငယ်
- ဆီ
- ပုဇွန်ခြောက် အနည်းငယ် (၁၅ မိနစ်လောက် ရေနွေးနဲ့ အပူပေးပါ။)
- ကြက်သွန်နီ ၁ လုံးပါးပါးလှီး
- မှိူခြောက် (ရေနွေးနဲ့စိမ်ထားပါ)
- ဝက်အူချောင်း/ကြက်အူချောင်း ၃ ချောင်း
- ငရုတ်ကောင်း
- ကြက်သွန်မြိတ်အနည်းငယ်
ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်စွပ်ပြုတ်ရည်၊ ဆား တို့ကို နယ်လိုက်ပြီး ခဏထားထားပါ။ အိုးကိုအပူပေးလိုက်ပြီး ဆီထည့်ပါ။ ပုဇွန်ထည့်ပါ။
ပြီးရင်တော့ ကြက်သွန်နီ၊ မှို၊ ဝက်အူချောင်းတို့ကိုထည့်ပြီးမေအပေးပါ။ ကြက်သွန်နီမတူးအောင်ဂရုစိုက်ပါ။ ပြီးရင်တော့ ကောက်ညှင်းထည့်ပါ။
စောစောကရောထားတဲ့ ခရုဆီတို့ရောထားတာကိုထည့်လိုက်ပါ။ သေချာလေးမွှေပေးလိုက်ပါ။ ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ်ဖြူးလိုက်ပါ။
Photo: thewoksoflife.com