အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အကင် ကြိုက်နှစ်သက်သူများအတွက် ဂျပန်စတိုင်လ် ကြက်သားကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၄၀၀ ဂရမ်

  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် ပဲငံပြာရည်၊ ပျားရည်၊ ရှာလကာရည်နှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေလိုက်ပါ။

၂။ ထို့နောက် ကြက်သားတုံးများကို ပဲငံပြာရည် ပျားရည်အရောအနှောထဲ ထည့်နှစ်ထားလိုက်ပါ။

၃။ အကင်မီးဖိုကို အပူပေးထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို မီးဖိုပေါ်တွင် ၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ထပ်ကင်ပေးရပါမယ်။

ကင်ပြီးသား ကြက်သားများကို စဉ်းနီတုံးပေါ်တွင် အအေးခံထားလိုက်ပါ။ ထို့နောက် အတုံးခပ်ကြီးကြီးတုံးလိုက်ပါ။

၄။ ကြက်သွန်မြိတ်များကို ၃ လက်မအရှည်ခန့် လှီးဖြတ်ပြီးနောက် ပန်းကန်ပြားပေါ်တွင် အလှဆင်ထားလိုက်ပါ။ ကြက်သားကင်များကို ကြက်သွန်မြိတ်ပေါ် တင်ထားပြီးနောက် ဟင်းသီးဟင်းရွက်ဆီများ ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ကြက်သားကင်လေး ရရှိသွားပါပြီ။

Source: Goodtoknow.co.uk