(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သားအစပ်မွှေကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၂ တုံး (အနေတော် အတုံး တုံးထားပါ)
- ကြက်သွန်နီ ၁ ဥ
- ကြက်သွန်ဖြူ ၂ မြွှာ (ထောင်းထားပါ)
- ဂျင်း ၁၀ ဂရမ် (အခွံခွာပြီး ပါးပါးလှီးထားပါ)
- ငရုတ်ကောင်းစေ့ ၃၀ ဂရမ်
- ငရုတ်ပွ အနီ တစ်တောင့်၊ အစိမ်း တစ်တောင့် (ပါးပါးလှီးထားပါ)
- ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
- ထောပတ် ၂၀ ဂရမ်
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ငရုတ်ကောင်းစေ့များကို စက္ကန့် ၃၀ ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့ထဲထည့်ကာ ကြေညှက်အောင် ထောင်းပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ငရုတ်ပွ အနီ၊ အစိမ်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး နောက်ထပ် စက္ကန့် (၃၀) ခန့် ဆီသတ်ပေးလိုက်ပါ။
၃။ ကြက်သားထည့်ကာ သုံးမိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်နှင့် ထောပတ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပြီးနောက် ဒယ်အိုးထဲ လောင်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၅။ ပြောင်းမှုန့်အရည်က ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားအစပ်မွှေကြော်လေး ရရှိသွားပါပြီ။
Source: Asianfoodnetwork.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ ဟင္းလ်ာေလးကေတာ့ ၾကက္သားအစပ္ေမႊေၾကာ္ ဟင္းလ်ာေလးပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ေပါင္ ၂ တံုး (အေနေတာ္ အတံုး တံုးထားပါ)
- ၾကက္သြန္နီ ၁ ဥ
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ေထာင္းထားပါ)
- ဂ်င္း ၁၀ ဂရမ္ (အခြံခြာၿပီး ပါးပါးလွီးထားပါ)
- ငရုတ္ေကာင္းေစ့ ၃၀ ဂရမ္
- ငရုတ္ပြ အနီ တစ္ေတာင့္၊ အစိမ္း တစ္ေတာင့္ (ပါးပါးလွီးထားပါ)
- ခရုဆီ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ပဲငံျပာရည္အေႏွာက္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၂ ဇြန္း
- သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း
- ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၂ ဇြန္း
- ေထာပတ္ ၂၀ ဂရမ္
- ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေရ စားပြဲတင္ဇြန္း ၂ ဇြန္း
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး ငရုတ္ေကာင္းေစ့မ်ားကို စကၠန္႔ ၃၀ ခန္႔ ေလွာ္ေပးလိုက္ပါ။ ထို႔ေနာက္ ငရုတ္ဆံု၊ ငရုတ္က်ည္ေပြ႔ထဲထည့္ကာ ေၾကညွက္ေအာင္ ေထာင္းေပးလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္းထည့္ပါ။ ဆီပူလာပါက ၾကက္သြန္နီ၊ ငရုတ္ပြ အနီ၊ အစိမ္းတို႔ထည့္ကာ စကၠန္႔ ၃၀ ခန္႔ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းတို႔ထည့္ၿပီး ေနာက္ထပ္ စကၠန္႔ (၃၀) ခန္႔ ဆီသတ္ေပးလိုက္ပါ။
၃။ ၾကက္သားထည့္ကာ သံုးမိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ခရုဆီ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း၊ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္အေနာက္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ငရုတ္ေကာင္းမႈန္႔ႏွင့္ ေထာပတ္တို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။
၄။ ပန္းကန္လံုးတစ္လံုးထဲတြင္ ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ေရ စားပြဲတင္ဇြန္း ၂ ဇြန္းတုိ႔ကို သမေအာင္ ေရာေမႊၿပီးေနာက္ ဒယ္အိုးထဲ ေလာင္းထည့္ကာ ၁ မိနစ္ခန္႔ ေမႊေၾကာ္ေပးလိုက္ပါ။
၅။ ေျပာင္းမႈန္႔အရည္က ပ်စ္သြားၿပီဆိုရင္ေတာ့ မီးဖိုေပၚကခ်ကာ ပန္းကန္ျပားထဲ ေျပာင္းထည့္ထားလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ၾကက္သားအစပ္ေမႊေၾကာ္ေလး ရရွိသြားပါၿပီ။
Source: Asianfoodnetwork.com