အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားနဲ့ မုန်လာဥနီကြော် ပူပူလေးကြော်စားရအောင် မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကြက်သား (အရိုးမပါတာသုံးပါ) ၁၀ ကျပ်သားခန့်
- ဆီ အနည်းငယ်
- နှမ်းဆီအနည်းငယ်
- ကော်မှုန့် အနည်းငယ်
- သကြား (သို့) ပျားရည်အနည်းငယ်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ငရုတ်သီးမှုန့်အနည်းငယ်
- ဂျင်း ၅ ပြားခန့်
- မုန်လာဥနီ အသေး ၆ လုံး (ခေါက်ဆွဲလေးတွေကို ခြစ်လိုက်ပါ)
- ကြက်သွန်မြိတ် ၂ ပင် ( ၂ လက်မခန့်ဆီလှီးပေးလိုက်ပါ)
- ဟင်းနုနွယ် လက် ၂ စုပ်စာ
ပြုလုပ်နည်း
ခွက်တစ်လုံးထဲမှာ ကြက်သား၊ နှမ်းဆီ၊ ကော်မှုန့်၊ သကြား (သို့) ပျားရည်၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်တို့ကို နယ်ပေးလိုက်ပြီး မိနစ် ၃၀ လောက်ထားထားပါ။
ဆီကိုအပူပေးလိုက်ပြီး ဂျင်းကို မွှေးနေအောင်ကြော်ပေးလိုက်ပါ။
အဲဒီနောက် ကြက်သားထည့်လိုက်ပြီးကြော်ပေးလိုက်ပါ။
ကြက်သားရပြီဆိုရင်တော့ မုန်လာဥနီနဲ့ ဟင်းနုနွင်ထည့်ကြော်ပေးလိုက်ပါ။
သေချာမွှေပေးလိုက်ပြီး ပဲငံပြာရည်၊ ကြက်သွန်မြိတ်တို့နဲ့ သေချာမွှေပေးပါ။
အဲဒီနောက် သုံးဆောင်လို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar