အားလုံးပဲမင်္ဂလာပါနော်။ အသားစားတာထက် အသီးအရွက် ပိုကြိုက်တဲ့သူတွေရှိလားရှင့်။ ဒီတခါမှာတော့ ခရမ်းသီး သက်သက်လွတ်ကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ခရမ်းသီး ၁ လုံး
 - ကြက်သွန်နီ တစ်ဲခမ်း
 - ငရုတ်သီးစိမ်းအနည်းငယ်
 - ကြက်သွန်ဖြူ ၂ မွှာ
 - ဂျင်း အနည်းငယ်၊ ဆီ
 
ဆော့စ်ထည့်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
 - ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
 - သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 
- ဆား နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်
 - နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
 - နှမ်း အနည်းငယ်
 
ပြုလုပ်နည်း
ခရမ်းသီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးလိုက်ပါ။
ပြီးရင်တော့ အိုးကိုအပူပေးလိုက်ပြီး ဆီထည့်လိုက်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းတို့ကို အရင်ဆီသတ်လိုက်ပါ။ ပြီးရင် ခရမ်းသီးထည့်လိုက်ပြီး ခဏလောက်ကြော်ပေးလိုက်ပါ။
ပြီးရင်တော့ ဆော့စ်ပါဝင်ပစ္စည်းထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။
အားလုံး နူးလာရင်သုံးဆောင်လို့ရပါပြီနော်။ ရပြီဆိုမှ နှမ်းဆီနဲ့ နှမ်းကို မွှေးအောင် ဖြူးလိုက်ပါ။
Source: www.koreanbapsang.com
By: MyFood Myanmar
											
				




