(Unicode)
အားလုံးပဲ မင်္ဂလာပါ။ အသီးမှာ သရက် အသားမှာ ဝက်ဆိုတဲ့ စကားလေးအတိုင်းပဲ မြန်မာလူမျိုးတွေရဲ့လျှာပေါ်မှာ အရသာအရှိဆုံးလို့ ယူဆကြတဲ့ ဝက်သားကို ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ်လေးဖြစ်သွားအောင် ကင်ချီနဲ့ ကြော်စားကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
• ဝက်သား ၅၀၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
• ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်း
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
• ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် သကြား စားပွဲတင်ဇွန်း တစ်ဇွန်း
• ကင်ချီအနည်းငယ်
• ငရုတ်သီး နှစ်တောင့် (ပါးပါးလှီးထားပါ)
• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း သုံးဇွန်း
• ကြက်သွန်မြိတ်တစ်ပင် (ပါးပါးလှီးထားပါ)
• ပဲငံပြာရည်နှင့် ဆန်ဝိုင် စားပွဲတင်ဇွန်းတစ်ဇွန်းစီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးထဲသို့ ဟင်းသီးဟင်းရွက်ဆီများ ထည့်ကာ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ငါးမိနစ်ခန့် ထည့်ကြော်လိုက်ပါ။
၂။ ဆီနံ့လေး မွှေးလာပါက ဝက်သားထည့်ကြော်လိုက်ပါ။ သကြားထည့်ကာ သမအောင် ထပ်ကြော်ပေးလိုက်ပါ။
၃။ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး ကြော်လိုက်ပါ။ ၃၀ စက္ကန့်ခန့် ကြော်ပြီးနောက်မှာ ကင်ချီထည့်ကြော်လိုက်ပါ။ ငါးမိနစ်ခန့် ကြော်ပြီးနောက်မှာတော့ ဝက်သားက နူးအိသွားပါလိမ့်မယ်။
၄။ ဝက်သားများ နူးအိသွားမှ ငရုတ်သီးလေးများ ထည့်ကာ တစ်မိနစ်ခန့်ကြော်ပေးလိုက်ပါ။ အိုးပေါ်ကချပြီး ပန်းကန်ထဲပြောင်းထည့်တဲ့အချိန်ကျမှ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတောင့်များ ထည့်ကာ အလှဆင်ပေးနိုင်ပါတယ်။
Source: Gildedgingerbread.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ အသီးမွာ သရက္ အသားမွာ ဝက္ဆိုတဲ့ စကားေလးအတိုင္းပဲ ျမန္မာလူမ်ိဳးေတြရဲ႕လွ်ာေပၚမွာ အရသာအရွိဆံုးလို႔ ယူဆၾကတဲ့ ဝက္သားကို ဒီတစ္ခါမွာေတာ့ ကိုရီးယားစတိုင္လ္ေလးျဖစ္သြားေအာင္ ကင္ခ်ီနဲ႔ ေၾကာ္စားၾကည့္လိုက္ရေအာင္။
ပါဝင္ပစၥည္းမ်ား
- ဝက္သား ၅၀၀ ဂရမ္ (အေနေတာ္အတံုး တံုးထားပါ)
- ၾကက္သြန္နီ တစ္ဥ (ပါးပါးလွီးထားပါ)
- ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ စားပြဲတင္ဇြန္း တစ္ဇြန္း
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ႏွစ္ဇြန္း
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္ႏွင့္ သၾကား စားပြဲတင္ဇြန္း တစ္ဇြန္း
- ကင္ခ်ီအနည္းငယ္
- ငရုတ္သီး ႏွစ္ေတာင့္ (ပါးပါးလွီးထားပါ)
- ငရုတ္သီးမႈန္႔ စားပြဲတင္ဇြန္း သံုးဇြန္း
- ၾကက္သြန္ၿမိတ္တစ္ပင္ (ပါးပါးလွီးထားပါ)
- ပဲငံျပာရည္ႏွင့္ ဆန္ဝိုင္ စားပြဲတင္ဇြန္းတစ္ဇြန္းစီ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးထဲသို႔ ဟင္းသီးဟင္းရြက္ဆီမ်ား ထည့္ကာ ဆီပူလာပါက ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴမ်ားကို ငါးမိနစ္ခန္႔ ထည့္ေၾကာ္လိုက္ပါ။
၂။ ဆီနံ႔ေလး ေမႊးလာပါက ဝက္သားထည့္ေၾကာ္လိုက္ပါ။ သၾကားထည့္ကာ သမေအာင္ ထပ္ေၾကာ္ေပးလိုက္ပါ။
၃။ ငရုတ္ေကာင္းမႈန္႔၊ ပဲငံျပာရည္၊ ဆန္ဝိုင္ႏွင့္ ငရုတ္သီးမႈန္႔တို႔ထည့္ၿပီး ေၾကာ္လိုက္ပါ။ ၃၀ စကၠန္႔ခန္႔ ေၾကာ္ၿပီးေနာက္မွာ ကင္ခ်ီထည့္ေၾကာ္လိုက္ပါ။ ငါးမိနစ္ခန္႔ ေၾကာ္ၿပီးေနာက္မွာေတာ့ ဝက္သားက ႏူးအိသြားပါလိမ့္မယ္။
၄။ ဝက္သားမ်ား ႏူးအိသြားမွ ငရုတ္သီးေလးမ်ား ထည့္ကာ တစ္မိနစ္ခန္႔ေၾကာ္ေပးလိုက္ပါ။ အိုးေပၚကခ်ၿပီး ပန္းကန္ထဲေျပာင္းထည့္တဲ့အခ်ိန္က်မွ ၾကက္သြန္ၿမိတ္ႏွင့္ ငရုတ္သီးေတာင့္မ်ား ထည့္ကာ အလွဆင္ေပးႏိုင္ပါတယ္။
Source: Gildedgingerbread.com