ဝက်သားဆိုရှယ်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်အသဲကို ငရုပ်ပွနဲ့ အရသာရှိရှိ ကြော်ချက်လေး လုပ်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ဝက်အသဲ – ၂၀၀ ဂရမ်ကို သေချာသန့်စင်ပြီး မထူမပါးအတုံးလေးတွေ လှီးပေးပါ။

ငရုပ်ပွရောင်စုံ – ၃၀၀ ဂရမ်လောက်ကို အလယ်အူတိုင်တွေဖယ်ထုတ်ပြီး အတုံးလေးတွေ လှီးထားပေးပါ။

ကြက်သွန်နီအလုံးကြီး – တစ်ခြမ်းကို အတုံးကြီးကြီးလေးတွေရအောင် လှီးထားပေးပါ။

ကြက်သွန်ဖြူကို စားပွဲတင်ဇွန်းတစ်ဇွန်းစာရအောင် နုတ်နုတ်ဆင်းပေးပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးထဲကို ဆီထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူတွေ ထည့်မွှေပါ။

ခဏနေရင် ဝက်အသဲကို ထည့်ကြော်ပါမယ်။

အသဲနည်းနည်းမာလာပြီဆိုရင် လှီးထားတဲ့ ငရုပ်ပွနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါမယ်။ ရေနည်းနည်းထည့်ပြီး မွှေပေးပါ။

ခဏနေရင်တော့ ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

ဝက်အသဲရပြီ ကျက်ပြီဆိုရင်တော့ အရသာမြည်းကြည့်ပြီး အဆင်ပြေရင် ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ ဝက်အသဲကို ငရုပ်ပွနဲ့ ကြော်ချက်လေးလုပ်ထားတာ ရပြီပဲဖြစ်ပါတယ်။

Source: www.dailydish