အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်စိမ်းရွက်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကြက်သားစဉ်းကောကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နေကြာဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
- ငရုတ်သီး ၉ တောင့် (ပါးပါးလှီးထားပါ)
- ကြက်သား ၄၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
- ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် အနည်းငယ်
- ထမင်း ပန်းကန်လုံး ၄ လုံးစာနှင့် ကြက်ဥ Half-Fried ၄ လုံး
ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း ၄ တောင့်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
- ပင်စိမ်းရွက်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး ဆော့စ်ပြုလုပ်ဖို့ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပင်စိမ်းရွက်တို့ကို သမအောင် ရောမွှေပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။
၃။ ထို့နောက် ကြက်သားထည့်ကာ ကြက်သားအတုံးအခဲများကို ချေမွပြီးနောက် ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည်နှင့် အနောက်၊ ငါးငံပြာရည်၊ ခရုဆီနှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားအိုးထဲထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ ပင်စိမ်းရွက်လေး အုပ်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ ပင်စိမ်းရွက်အုပ် ကြက်သားစဉ်းကောကြော်လေး ရရှိသွားပါပြီ။
ထမင်းပန်းကန်ထဲထည့်ကာ ကြက်ဥ Half-Fried နဲ့ တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Sbs.com.au