အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်စိမ်းရွက်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကြက်သားစဉ်းကောကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နေကြာဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၉ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သား ၄၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပင်စိမ်းရွက် အနည်းငယ်
  • ထမင်း ပန်းကန်လုံး ၄ လုံးစာနှင့် ကြက်ဥ Half-Fried ၄ လုံး

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း ၄ တောင့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပင်စိမ်းရွက်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဆော့စ်ပြုလုပ်ဖို့ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပင်စိမ်းရွက်တို့ကို သမအောင် ရောမွှေပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ကြက်သားထည့်ကာ ကြက်သားအတုံးအခဲများကို ချေမွပြီးနောက် ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည်နှင့် အနောက်၊ ငါးငံပြာရည်၊ ခရုဆီနှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားအိုးထဲထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ ပင်စိမ်းရွက်လေး အုပ်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပင်စိမ်းရွက်အုပ် ကြက်သားစဉ်းကောကြော်လေး ရရှိသွားပါပြီ။

ထမင်းပန်းကန်ထဲထည့်ကာ ကြက်ဥ Half-Fried နဲ့ တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Sbs.com.au