မှိုကို ဒီတိုင်းကြော်စားရတာရိုးနေရင် ပူစီနံလေးထည့်ပြီး ငရုပ်သီးစပ်စပ်လေးနဲ့ ကြော်စားကြည့်ပါ။ ပုံမှန်ထက် ပိုပြီးစားကောင်းသလို၊ အနံ့မွှေးမွှေးလေးနဲ့မို့ ထမင်းစားချင်စိတ် ပိုဖြစ်စေပါတယ်။ ကြော်ရတာလည်း အရမ်းလွယ်တာကြောင့် တစ်ခါလောက်တော့ Try ကြည့်သင့်ပါတယ်နော်။

မှို – ၃၀၀ ဂရမ်ကို တစ်ခြမ်းခြမ်းပြီး ပန်းကန်ထဲထည့်ထားပါ။

စကြော်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့်ပြီး ရောထောင်းထားတဲ့ ငရုပ်သီး – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းစာကို ထည့်မွှေပေးပါ။

ခဏနေရင်တော့ ခုနကလှီးထားတဲ့ မှိုတွေကို ထည့်ကြော်ပါမယ်။

ခရုဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား – အနည်းငယ်၊ ရေ – အနည်းငယ် ထည့်မွှေပြီး ကြော်ပေးပါ။

ခဏနေရင်တော့ ပူစီနံရွက်ကို လက်တစ်ဆုပ်စာလောက် ယူထည့်ပြီး ကြော်ပေးပါ။

အားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ထမင်းပူပူလေးနဲ့ ဒီမှိုဟင်းတစ်မျိုးထဲနဲ့ စားမယ်ဆိုရင်တောင် ထမင်းမြိန်စေပါတယ်။

Source: www.dailydish