Sausage ကြိုက်တဲ့သူတွေအတွက် Vegetable တချို့နဲ့ရောပြီး စားချစ်စဖွယ် အရသာရှိရှိလေးဖြစ်အောင် ကြော်လို့ရမယ့်နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ ထမင်းဖြူလေးနဲ့စားလည်းရသလို၊ ဘီယာနဲ့ အမြည်းလုပ်မယ်ဆိုလည်း အရမ်းမိုက်ပါတယ်။

Sausage အပြင် နောက်ထပ်လိုအပ်တဲ့ vegetable တချို့ကတော့ ကြက်သွန်နီ ၁ လုံး၊ အနီရောင် ပန်းငရုပ်ပွ ၁ လုံး၊ အဝါရောင် ပန်းငရုပ်ပွ ၁ လုံးတို့ပဲ ဖြစ်ပါတယ်။

ပန်းငရုပ်ပွတွေကို အလယ်အူတိုင်ဖယ်ထုတ်ပြီး ပုံမှာပြထားသလိုလေးတွေ လှီးပေးပါ။ ကြက်သွန်နီကိုလည်း အနေတော်လောက်လေးတွေ လှီးပေးပါ။

Sausage လေးတွေကို ဓားနဲ့မွှန်းပေးပါမယ်။

ဆော့စ်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ketchup ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ဆီ – စားပွဲတင်ဇွန်းတစ်ဝက်တို့ကို ရောထည့်ပြီးမွှေပေးပါ။

ဒယ်အိုးထဲကိုဆီထည့်ပြီး sausage တွေ ထည့်ကြော်ပါမယ်။ ခဏမွှေပြီးတာနဲ့ လှီးထားတဲ့ vegetables တွေ တန်းထည့်ပြီး မွှေပေးပါ။ စက္ကန့် ၃၀ လောက်မွှေပြီးတာနဲ့ ခုနကလုပ်ထားတဲ့ဆော့စ်တွေကို ထည့်မွှေပါမယ်။

အားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရမ်းစားကောင်းမှာ သေချာတာကြောင့် sausage ကြိုက်တယ်ဆိုရင် လုပ်စားကြည့်သင့်ပါတယ်။