အားလုံးပဲ မင်္ဂလာပါ။ ပုစွန်နဲ့ ကြက်ဥကြော်ကတော့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ထိုအစားအစာနှစ်မျိုးစလုံးကို စားချင်နေပေမယ့် ဟင်းလျာနှစ်မျိုး ပြင်ဆင်ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကြက်ဥနဲ့ ပုစွန်ကို ရောကြော်ပေးလိုက်ပါ။ ထိုကဲ့သို့ ရောကြော်ပေးခြင်းအားဖြင့် အချိန်ကုန်လူပင်ပန်းခြင်းကို တားဆီးနိုင်ပြီး အရသာရှိတဲ့ ဟင်းပွဲတစ်ခွက်ကိုလည်း ဖန်တီးနိုင်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ ကောင်
  • ကြက်ဥ ၈ လုံး
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို သန့်စင်သွားအောင် ရေဆေးပြီးနောက် အခွံချွတ်ထားလိုက်ပါ။

၂။ ကြက်ဥများကို ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီအနည်းငယ်ထည့်ကာ မွှေခလောက်ထားလိုက်ပါ။

၃။ အိုးတစ်လုံးထဲတွင် ရေ ၇၅၀ မီလီလီတာထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရေ ဆူပွက်လာပါက ပုစွန်ထည့်ပြီး ပန်းရောင်သမ်းသွားသည်အထိ ပြုတ်ပေးလိုက်ပါ။ ထို့နောက် ပြုတ်ပြီးသော ပုစွန်များကို ပန်းကန်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါ ကြက်ဥထည့်ကာ မွှေခလောက်ပေးလိုက်ပါ။ ကြက်ဥမကျက်တကျက်အချိန်မှာပဲ ပုစွန်များထည့်ကာ သမအောင် ရောကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်များထည့်ကာ သမအောင် ရောကြော်ပေးလိုက်ပါ။

ကြက်ဥလည်း ကျက်သွားပြီ ပုစွန်လည်း ကျက်သွားပြီဆိုရင်တော့ ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီး ထမင်းပူပူလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com