ဝက်သားကြိုက်တဲ့သူတွေဆိုရင် ဝက်သားကို ခဏခဏချက်စား၊ ကြော်စားနဲ့ ရိုးနေလောက်ပါပြီ။ ဒါကြောင့် အပြောင်းအလဲလေးလည်း ဖြစ်သွားအောင် ဝက်သားကို ခရုဆီနဲ့ အရသာရှိရှိကြော်ချက်လေး လုပ်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ရေ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်ကောင်းမှုန့်၊ ဆီ၊ ခရုဆီနဲ့ Ketchup ဆော့စ်တို့ပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူ ၄ တက်ကို ပါးပါးသေးသေးလေးတွေလှီးထည့်ပြီး ကြော်ပါ။ ခဏနေရင် ကြက်သွန် ၁ လုံးကို လှီးထားပြီးကြော်ပါ။

ဝက်သား – ၄၀၀ ဂရမ်ကို တစ်လက်မစာအတုံးတွေလှီးပြီး ထည့်မွှေပါမယ်။

ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်မွှေပါ။

ဝက်သားနည်းနည်းနူးပြီဆိုရင် ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းထည့်မွှေပါ။

ခဏနေရင် Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၈ ဇွန်း ထည့်မွှေပါ။

သမအောင်မွှေပြီးရင် ရေ – စားပွဲတင်ဇွန်း ၃ ဇွန်းစာလောက်ထည့်မွှေပါ။

ပွက်ပွက်ဆူလာပြီး ဝက်သားလည်းနူးပြီဆိုရင် ငရုပ်ကောင်းမှုန့် အနည်းငယ် ထပ်ဖြူးပြီး မွှေပေးပါ။

ခဏနေရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ထမင်းဖြူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: www.friendcheapmenu