မကြာခင်လည်း စတော်ဘယ်ရီသီးတွေ ပေါ်တော့မယ်ဆိုတော့ အလွယ်တကူ ဖျော်သောက်လို့ရတဲ့ စတော်ဘယ်ရီ- ထောပတ်သီး Mousse လေး လုပ်သောက်ရအောင်။

ဒီလိုဖျော်သောက်ဖို့ အချိန် ၅ မိနစ်ပဲ လိုတယ်နော်။

စတော်ဘယ်ရီသီး ၁၀၀ ဂရမ်၊ ထောပတ်သီး ၁ လုံး၊ ပူစီနံ ၇ မျှင် (အနံ့မကြိုက်လည်း မထည့်လို့ရပါတယ်၊ လိမ္မော်ရည် 30 ml ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပေးပါ။

ဒါဆိုရင် အရသာရှိတဲ့ စတော်ဘယ်ရီ-ထောပတ်သီး Mousse လေးရပါပြီ။