စတော်ဘယ်ရီ Smoothie ဖျော်ရည်အေးအေးလေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီ ငှက်ပျောသီး Smoothei ဖျော်ရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဒိန်ချဉ် (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • စတော်ဘယ်ရီသီး ပန်းကန်လုံး ၂ လုံးစာ
  • ငှက်ပျောသီး ၁ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးနှင့် ငှက်ပျောသီးတို့ကို ရေခဲသေတ္တာထဲတွင် ကြိုတင်အအေးခံထားလိုက်ပါ။

၂။ ထို့နောက် စတော်ဘယ်ရီသီးကို ဖတ်ရွက်စိမ်းများ ဖယ်ရှားပြီးနောက် ပါးပါးလှီးထားပါ။ ငှက်ပျောသီးကိုလည်း ပါးပါးလှီးထားပါ။

၃။ ထို့နောက် ထိုသစ်သီးနှစ်မျိုးစလုံးကို သစ်သီးဖျော်စက်ထထြည့်လိုက်ပါ။ ဒိန်ချဉ်၊ နွားနို့နှင့် ပျားရည်တို့ကိုလည်း ဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီ ငှက်ပျောသီး Smoothie ဖျော်ရည်လေး ရရှိသွားပါပြီ။ ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Smoothie ဖျော်ရည်အဖြစ် မသောက်သုံးချင်ဘူးဆိုရင်တော့ ရရှိလာတဲ့ထိုဖျော်ရည်လေးကို ရေခဲတုံးပုံစံခွက်ငယ်ထဲသို့ လောင်းထည့်ကာ အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ စတော်ဘယ်ရီ ငှက်ပျောသီးရေခဲတုံးလေးများ ရရှိသွားပါပြီ။

Source: Spendwithpennies.com