နွေနေ့လည်ခင်း ပူအိုက်တဲ့အချိန်မှာ ဗီတာမင်စီနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ သစ်သီးဖျော်ရည်လေး လုပ်သောက်မယ်ဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွှတ်သလို ရင်လည်း အေးစေမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

  • စတော်ဘယ်ရီ ၄၀၀ ဂရမ်
  • ငှက်ပျောသီး ၁ လုံး
  • ဒိန်ချဉ် ၅ အောင်စ
  • ပျားရည် အနည်းငယ်
  • နွားနို့ (သို့) ပန်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို ရေဖြင့် စင်ကြယ်အောင်ဆေးပြီး ခပ်ပါးပါးလှီးထားပါ။

၂။ ငှက်ပျောသီးကိုလည်း အခွံခွာပြီး သုံးပိုင်း၊ လေးပိုင်းခန့် လှီးထားလိုက်ပါ။

၃။ ထို့နောက် ထိုသစ်သီးများအားလုံးနှင့် ဒိန်ချဉ်ကို သစ်သီးဖျော်စက်ထဲ ထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ တစ်မိနစ်ပြည့်တဲ့အခါမှာတော့ နွားနို့ (သို့) ပန်းသီးဖျော်ရည်ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ပျားရည် အနည်းငယ်ထည့်ကာ အရသာက ချို မချို မြည်းစမ်းကြည့်လိုက်ပါ။

၅။ မိမိစိတ်ကြိုက်အရသာလေး ရရှိသွားပြီဆိုရင်တော့ ဖန်ခွက်ထဲပြောင်းထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။ ဖန်ခွက်ပေါ်တွင် စတော်ဘယ်ရီသီးအနည်းငယ်ဖြင့်လည်း မိမိစိတ်ကြိုက်အလှဆင်နိုင်ပါသေးတယ်။

Source: Yellowblissroad.com