အခုနောက်ပိုင်းမှာ ရာသီဥတုအပူချိန်က ဒီဂရီတွေ တစ်ရက်တစ်ရက်တိုးလာတာနဲ့အမျှ ပူလောင်အိုက်စပ်ခြင်းကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစားနေကြရပါတယ်။ ဒီကြားထဲမှာ လျှပ်စစ်မီးပျက်သွားရင်တော့ တကယ့်ငရဲခန်းအလား အောက်မေ့ရတော့တာပါပဲ။

ဒီလိုပူအိုက်တဲ့နွေရာသီမှာ အပူဒဏ်ကို အရှင်းမလျော့ချပေးနိုင်ရင်တောင် တစ်ဝက်လောက် လျော့ချပေးနိုင်မယ်ဆိုရင်ပဲ အင်မတန်ကျေနပ်စရာကောင်းလှပါပြီ။ ဒါ့ကြောင့် အပူဒဏ်ကို တစ်ဝက်လောက်လျော့ချပေးမယ့် စတော်ဘယ်ရီ ငှက်ပျောသီး Smoothie ဖျော်ရည်လေး လုပ်သောက်ကြည့်ရအောင်။

Smoothie ဖျော်ရည်လုပ်နည်းတိုင်းက မခက်ခဲပါဘူး။ ပါဝင်ပစ္စည်းလေးတွေ စုံစုံလင်လင်ရှိရုံနဲ့တင် ဖျော်စက်ထဲ ထည့်ဖျော်လိုက်တာနဲ့ ပူအိုက်နေတဲ့ ရင်ခွင်ကို အေးမြသွားစေမယ့် ဖျော်ရည်တစ်ခွက်ကို မျက်စိတ်တစ်မှိတ်အတွင်း ရရှိနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး တစ်လုံးနှင့် တစ်ဝက်
  • ပန်းသီး Juice ၃၅၄ မီလီလီတာ
  • အအေးခံထားသော စတော်ဘယ်ရီသီးများ
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • လတ်ဆတ်သော အခြားသစ်သီးများနဲ့ ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သစ်သီးဖျော်စက်ထဲမှာ ပန်းသီး Juice ၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီးနဲ့ ဒိန်ချဉ်တို့ကို ပေါင်းထည့်လိုက်ပါ။

၂။ သစ်သီးအတုံးအခဲများ အရည်အဖြစ်သို့ ပြောင်းလဲသွားသည်အထိ မွှေပေးရပါမယ်။

၃။ ရရှိလာတဲ့ Smoothie ဖျော်ရည်လေးက နှစ်ခွက်စာဖြစ်တာကြောင့် ဖန်ခွက်နှစ်ခွက်ထဲမှာ အညီအမျှခွဲထည့်လိုက်ပါ။ အလှဆင်ဖို့အတွက် သစ်သီးနဲ့ ပင်စိမ်းရွက်အနည်းငယ်ထည့်ပြီးနောက်မှာ အရသာရှိရှိသောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: dinneratthezoo.com