အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတိုင်းမှာ အချိုတည်းလေ့ရှိကြသူများအတွက် ပါဝင်ပစ္စည်း (၅) မျိုးတည်း ရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ စတော်ဘယ်ရီ ချောကလက်ဒိန်ခဲ ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ဒိန်ချဉ် ပန်းကန်လုံးအသေး ၃ လုံးစာ (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • စတော်ဘယ်ရီသီးများ ပန်းကန်လုံးအသေး ၁ လုံးခွဲစာ
  • ချောကလက် အလုံးသေးသေးလေးများ စားပွဲတင်ဇွန်း ၄ ဇွန်းစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး စတော်ဘယ်ရီသီးများကို ရေဖြင့် စင်ကြယ်အောင်ဆေးပြီးနောက် ရွက်ဖတ်စိမ်းများကို ဖယ်ရှားပါ။ ထို့နောက် စတော်ဘယ်ရီသီးများကို ပါးပါးလှီးပါ။

(ချောကလက်အလုံးသေး ရယ်ဒီမိတ်အထုပ်များကို အလွယ်တကူ ဝယ်လို့မရပါက ချောကလက်ခဲကို ဓားဖြင့် မွှန်းပေးလို့လည်း ရပါတယ်။)

လင်ဗန်းတစ်ချပ်ပေါ်တွင် ဆီစုပ်စက္ကူ ခံထားပါ။

၂။ အားလုံးရယ်ဒီဖြစ်ပြီဆိုရင်တော့ ဒိန်ချဉ်ကို ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ရရှိလာတဲ့ ပျားရည်ဒိန်ချဉ်ကို ဆီစုပ်စက္ကူ ခံထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် မျက်နှာပြင်ကို ညီညာအောင် ညှိပေးလိုက်ပါ။

၄။ ပြီးရင်တော့ ပါးပါးလှီးထားသော စတော်ဘယ်ရီများကို ဒိန်ချဉ်ပေါ် ထည့်ပေးလိုက်ပါ။ ထို့နောက် ချောကလက်အလုံးငယ်များ ဖြူးထည့်လိုက်ပါ။

၅။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၃ နာရီခန့် ထည့်ထားကာ အေးခဲသွားအောင် အအေးခံထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက အေးခဲနေတဲ့ ဒိန်ခဲများ ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ ပုံသဏ္ဍာန် လှီးဖြတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းစားပြီးတိုင်းမှာ အချိုတည်းလို့ရတဲ့ စတော်ဘယ်ရီ ချောကလက်ဒိန်ခဲလေးများ ရရှိသွားပါပြီ။

Source: Eatingwell.com