အားလုံးပဲ မင်္ဂလာပါ။ ချောကလက် စတော်ဘယ်ရီ အရသာနှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ခံစားသွားရစေမယ့် ကိတ်မုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချောကလက် ခရတ်ကာ ၁၆ ခုခန့်
  • အရည်ဖျော်ထားသော ထောပတ် စားပွဲတင်ဇွန်း ၈ ဇါန်း
  • Marshmallows ၁ ထုပ် (၁၆ အောင်စခန့်)
  • နွားနို့ ၅၀၀ မီလီလီတာ
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • စတော်ဘယ်ရီ ၁၆ အောင်စ
  • ခရင်မ် ၈ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးကို ပါးပါးလှီးပြီးနောက် ခက်ရင်းဖြင့် ချေထားလိုက်ပါ။

၂။ ချောကလက် ခရတ်ကာကို ဖျော်စက်ထဲထည့်ကာ အမှုန့်များရအောင် ပြုလုပ်ထားပါ။

၃။ ရရှိလာတဲ့ ခရတ်ကာအမှုန့်ကို ပန်းကန်လုံးထဲထည့်ကာ ထောပတ်ရည်များဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် လင်ဗန်းထဲတွင်ထည့်ကာ မျက်နှာပြင်ညီညာအောင် ဖြန့်ပြီးတဲ့နောက်မှာ လက်ဖြင့် ဖိပေးလိုက်ပါ။

၄။ အိုးတစ်လုံးကို အပူပေးပြီး Marshmallows နှင့် နွားနို့တို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ကျိုပေးလိုက်ပါ။ Marshmallows အတုံးအခဲများ နွားနို့နှင့် ပေါင်းပြီး အရည်ဖြစ်သွားပါက မီးဖိုပေါ်ကချကာ အအေးခံထားလိုက်ပါ။

၅။ အေးသွားပြီဆိုရင်တော့ ဗနီလာထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ချေမွထားသော စတော်ဘယ်ရီထည့်ပါ။ ခရင်မ်များထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၆။ ရရှိလာတဲ့ စတော်ဘယ်ရီ ခရင်မ် အရောအနှောကို ခရတ်ကာများ ထည့်ထားသော လင်ဗန်းပေါ်တွင် လောင်းထည့်ပေးလိုက်ပါ။ အပေါ်မျက်နှာပြင်ကို ညီညာအောင် ညှိပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲတွင် ၂ နာရီ ၃ နာရီခန့် အေးခဲနေအောင် အအေးခံထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်သွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်ကာ မိမိစားမယ့် ပမာဏခန့်ကို လှီးဖြတ်ကာ အချိုပန်းကန်ထဲထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းစားပြီးလို့ အချိုတည်းချင်တယ်ဆိုရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thecraftpatchblog.com